0

ACM Re-Post 5-6-2014

Miracle Mike လို့အမည်ပေးထားတဲ့ ကြက်က သက်သေပြသွား ပါတယ်။ ခေါင်းမပါပဲနဲ့ တစ်နှစ်ခွဲတိတိ အသက်ရှင်လျက် ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်သွားပါတယ်။

ထူးခြားအံ့သြစွာပါပဲ။ ဘယ်သူမှ မယုံဘူးလို့ဆိုတဲ့ အတွက် ဆေး တက္ကသိုလ်တွေထိတောင် သယ်ဆောင်ပြီး သက်သေပြခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလက Colorado ပြည်နယ်Fruita မြို့  က လယ်ခင်းတစ်ခု မှာ မွေးဖွားပါတယ်။ တစ်နေ့တော့ ပိုင်ရှင်ဖြစ်သူက ခေါင်းဖြတ်လိုက်ချိန်မှာ ပုဆိန်သွားအနည်းငယ် လွဲပြီး ဦးနှောက် Sterm နဲ့ နားတစ်ဖက်က ကျန်ခဲ့ ပါတယ်။ ဒါကြောင့် အခြားကြက်တွေလို ချက်ချင်းမသေပဲ ပုံမှန်အတိုင်း ခပ်ကြာကြာ ရုန်းနေတဲ့အတွက် ပိုင်ရှင် ဖြစ်သူက အံ့သြခဲ့ပါတယ်။

ဒီလိုနဲ့ ရက်အနည်းငယ် စောင့်ကြည့်တော့ ကျန်းကျန်းမာမာပဲ အသက်ရှင်နေတာကို မြင်တွေ့ရပါတယ်။ ခေါင်းမပါတာတောင် မြေပြင်မှ ဆန်ဖွဲကောက်ဖို့ လည်ပင်းနဲ့ ဆိုက်ပါတယ်။ ဒါကြောင့် သခင် ဖြစ်သူက အစားအသောက်များကို အရည်ဖျော်ပြီး မျက်လုံးပေါက်ထဲ ကို ဖျော်ထည့်ပေးပါတယ်။ ယင်းအစာကျွေးနည်းနဲ့ပဲ ကျွေး ထားလိုက်တော အသက်ရှင်တော့ မြို့ မှာ နာမည်ကြီးလာပြီး အမေရိကန်နိုင်ငံအနှံ့ မြို့ တွေမှာ လိုက်လံ ပြသပါတယ်။

ခေါင်းပြတ်နေသည့်တိုင် ခပ်မြင့်မြင့်အတန်းပေါ် ခုံပျတ်တက်တဲ့ အကျင့် မပျက်ပါဘူး။ ညနေတိုင်း တွန်ဖို့ သူကြိုးစားပါတယ်။ သို့ပေမယ့် သာမန် ကြက်တစ်ကောင် တွန်သလို ဘာအသံမှထွက်မလာပါဘူး။ ဒီလိုနဲ့ တစ်နှစ်ခွဲ (၁၈လကြာ) အသက်ရှင်ပြီးမှ တစ်ရက်ကျတော့ အစာကျွေးဖို့ နောက်ကျတဲ့အတွက် ၁၉၄၇ ခုနှစ် မတ်လက သေဆုံး သွားခဲ့ပါတယ်။

ခေါင်းပြတ်ပေမယ့် ဦးနှောက် အစိတ်အပိုင်းအချို့  ကျန်ရှိခဲ့တဲ့အတွက် သူ့အနေနဲ့ အသက်ရှင်ခြင်း ဖြစ်ပြီး အခြားသာ သူများလည်း အသက်ရှင် လိုရှင်ငြား စမ်းသပ်ခဲ့ကြပါတယ်။ တစ်ရက် နှစ်ရက်ထက်တော့ ပိုအသက် မရှင်ကြပါဘူး။ Miracle Mike ကတော့ သမိုင်းတစ်လျှောက် မှာ ခေါင်းပြတ်ပေမယ့် အကြာဆုံး အသက်ရှင်ကျန်တဲ့ ကြက် အဖြစ် သမိုင်းတွင်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

Aye Chan Mon Credit To: YoYarLay
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top