ACM Re-Post 5-6-2014
တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်များရှိ ဆရာ၊ ဆရာ များ၏ နေရာအပြောင်းအရွှေ့နှင့် ရာထူးတိုးများ ထွက်ပေါ်လာမှု မရှိသေး၍ ဆရာ၊ဆရာမများ၏ မကျေနပ်မှုများ မြင့်တက်လာနေကြောင်း သတင်းရရှိသည်။
ဇွန်လ ၃ရက် ညပိုင်းတွင်နေ ရာအပြောင်းအရွှေ့နှင့် ရာထူးတိုး ကြေညာမည့် သတင်းထွက်ပေါ် လာ၍ ဆရာ၊ဆရာမများစောင့်ဆိုင်းနေခဲ့ေ
‘‘မနေ့ညက ကြေညာချက် ထွက်မယ်ဆိုလို့ အစ်မတို့အားလုံး စောင့်နေတာ မထွက်လာဘူး။ မ နက်ကျတော့ ကျောင်းအုပ်ဆရာ ကြီးက တက္ကသိုလ်ဆရာ၊ ဆရာမ တွေကို အစည်းအဝေးခေါ်တွေ့ တယ်။ ကြေညာချက်မထွက်သေး ဘူးလို့ပြောတယ်။ နေရာအပြောင်းအရွှေ့နဲ့ ရာထူးတိုးမူဝါဒ တွေပြပြီးတော့ သဘောတူ၊ မတူ တစ်ခါတည်းမေးတယ်’’ဟု ရေနံ ချောင်းဒီဂရီကောလိပ်မှ ဆရာမ တစ်ဦးကပြောသည်။
တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်များ၏ ပညာသင် နှစ်များ ပြန်လည်စတင်နေပြီဖြစ် သော်လည်း နေရာအပြောင်းအ ရွှေ့နောက်ကျနေမှုအပေါ်ဆရာ၊ ဆရာမများ၏ စိတ်မကျေနပ်မှု များ မြင့်တက်နေခြင်းဖြစ်သည်။
‘‘ညက ကြေညာချက်ထွက် မယ်ဆိုလို့ စောင့်နေတာ။ ဆရာ၊ ဆရာမတွေအကုန်လုံးပဲ။ အခု ကြေညာချက်ထွက်မလာတော့ စိတ်တိုနေကြတယ်။ မကျေမနပ်လည်းဖြစ်နေကြတယ်’’ဟု ဒဂုံတက္ကသိုလ်ဆရာ၊ဆရာမများအသင်းမ
တက္ကသိုလ်ဆရာ၊ဆရာမ များအတွက် ရာထူးထိုးနှင့် နေရာ အပြောင်းအရွှေ့ ထုတ်ပြန်မှုနှောင့်နှေးနေ၍ နယ်မြို့များတွင် တာဝန် ကျနေသော ဆရာ၊ဆရာမများ၏ မကျေနပ်မှုများကြောင့် ယခုရက် ပိုင်းတွင် ကြေညာချက်ထွက်မည့် သတင်းထွက်ပေါ်ခဲ့သော်လည်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ယခင်ပညာရေးဝန်ကြီး ဒေါက်တာမြအေးလက်ထက်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ရာထူးတိုးနှင့် နေရာအပြောင်းအ ရွှေ့သည် တစ်နှစ်အတွင်းဖြစ်ပေါ် ခဲ့သည်။ ယခုအခါတစ်နှစ်ခွဲခန့် ကြာမြင့်ပြီဖြစ်သော်လည်း ရာထူး တိုးနှင့် နေရာအပြောင်းအရွှေ့ ကြေညာချက် ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။
Aye Chan Mon Credit To: 7 Day Daily
https://www.facebook.com/
http://
Post a Comment