0


ဇွန်၊ ACM Re-Post 19-6-2014

မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းလွန်ဒေသမှာ တရားမဝင် ပြောင်းရွှေ့နေထိုင်သူ အင်ဒိုနီးရှားနိုင်ငံသား ၉၇ ဦး တင်ဆောင်လာတဲ့ သစ်သားသင်္ဘောငယ်တစ်စင်း နစ်မြုပ်ခဲ့တာကြောင့် ၄၂ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိတယ်လို့မလေးရှားနိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီခရီးသည်တွေထဲမှာအမျိုးသမီးနဲ့ကလေးငယ်တွေလည်း ပါဝင်နေပြီးတော့ ၎င်းသင်္ဘောဟာလည်းပင်လယ်ရေကြောင်းခရီးစဉ်အတွက် သွားလာရန်မသင့်တော်ဘူးလို့ မလေးရှားရေကြောင်းဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အေဂျင်စီ (MMEA)ရဲ့ တာဝန်ရှိသူ မူဟာမက်ဒ်ဇူရီက ပြောပါတယ်။

သင်္ဘောငယ်ဟာ မလေးရှားနိုင်ငံကို ဦးတည်သွားခဲ့တာလို့ ဇူရီက ပြောကြားပေမယ့် အမှန်တကယ်တော့မလေးရှားနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်ရှိ Aceh ပြည်နယ်ကို ဦးတည်သွားတာလို့ ကယ်ဆယ်ရေး
အဖွဲ့မှ တာဝန်ရှိသူတွေက ပြောပါတယ်။

Source;Daily Mail

Aye Chan Mon Credit To: The Myanma Age
http://www.ayechanmon-news1.com/

Post a Comment

 
Top