0

ACM Re-Post 19-6-2014

အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်ကို သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု တိုင်ချက်အဖွင့်ခံထားရသော ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကြည်လင်းက ၎င်း၏ ပြဿနာမှာ အုပ်ထိန်းသူများနှင့် နားလည်မှု လွဲခြင်းသာဖြစ်ပြီး အဆိုပါ မိန်းကလေးနှင့်မိမိ၏ အခြေအနေမှာ ချစ်သူများ ဖြစ်ကြသည်ဟု ၎င်း၏ တရားဝင် Facebook စာမျက်နှာတွင် ရှင်းလင်းဖော်ပြသွားခဲ့သည်။

ကမာရွတ်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံထားရသည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကြည်လင်းက သူ၏ Facebook စာမျက်နှာတွင်

" ကျွန်တော်နဲ့သူနဲ့က ချစ်သူတွေပါ။ အခု ဖြစ်နေတဲ့ ကိစ္စတွေဟာ အုပ်ထိန်းသူတွေနဲ့ နားလည်မှု လွဲလို့ ဖြစ်နေရတာပါ။ လောလောဆယ် ကျွန်တော် ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်…" ဟု ရေးသားဖော်ပြထားခဲ့သည်။

- Mizzima Sport News
အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့ဟုဆိုကာ ရန်ကုန်ယူနိုက်တက် ကစားသမားကြည်လင်း တိုင်ကြားခံရ

ညီမိုဃ်း

အမျိုးသမီးတစ်ဦးက ကမာရွတ်မြို့နယ် ရဲစခန်းတွင် ရန်ကုန်ယူနိုက်တက် ကစားသမား ကြည်လင်းကို အမှုဖွင့် တိုင်ကြားထားပြီး အမှုဖွင့်အရေးယူနိုင်ရန် ဆေးစစ်ချက်များ စောင့်ဆိုင်းနေသည်ဟု ကမာရွတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

သားမယား ပြုကျင့်ခံရသည်ဆိုသည့် တိုင်ကြားထားသည့် အမျိုးသမီးမှာ အသက် ၁၇ နှစ်အရွယ်သာရှိသေးကြောင်း တိုင်ကြားရာတွင် ထည့်သွင်းခဲ့သည်ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

အထက်ပါ ရဲတပ်ဖွဲ့ဝင်က “ကြည်လင်းကို ကျွန်တော်တို့ဆီမှာ လာရောက် တိုင်ကြားထားတာတော့ အမှန်ပါပဲ။ ဇွန်လ ၁၆ ရက်က လာရောက် တိုင်ကြားသွားတာပါ။ ဒါပေမဲ့ ဒီအမှုကို ဘယ်လိုပုဒ်မမှ မတပ်ရသေးသလို ဘယ်လို စစ်ဆေးမှုတွေမှလည်း မပြုလုပ်ရသေးပါဘူး” ဟု ဆိုသည်။

ရဲဌာနအနေနှင့် ရန်ကုန်ယူနိုက်တက်အသင်းကို ဆက်သွယ်၍ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်ပုဒ်မဟု အမှုနာမည်တပ်၍ မရသေးဘဲ တိုင်ကြားသည့် အမျိုးသမီးကိုလည်း စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကာ ဆေးစစ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာဌာနမှ ဦးအောင်ပိုင်ကို ဖုန်းဖြင့် ဆက်သွယ်ျမးမြန်းခဲ့ရာ “ကြည်လင်းရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ဘာမှ မသိရသေးပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

မဇ္ဈိမအနေနှင့် ကြည်လင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးထံသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။ ဆီးဂိမ်းတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ကစားနိုင်ခြင်း မရှိသော တိုက်စစ်မှူးကြည်လင်းမှာ လာမည့် ရာသီတွင် ရတနာပုံအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သူ ဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top