မြို့နယ်တစ်မြို့နယ်ရှိ ကျေးရွာအုပ်စုတစ်စုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ၂၇,၀၀၀ နှင့်ညီမျှသည့် မြန်မာကျပ်ငွေကို သုံးနှစ်ထောက်ပံ့ပေးမည့် ကမ္ဘာဘဏ်၏ ဒုတိယနှစ် အစီအစဉ်ကို မကြာမီစတင်တော့မည် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဆင်းရဲမှုလျှော့ချရေး ဘဏ္ဍာရေးထောက်ပံ့မှုဆိုင်ရာ သဘောတူညီချက်အရ ရရှိထားသည့် ကန်ဒေါ်လာသန်း ၈၀ ထဲမှ သုံးစွဲခြင်းဖြစ်ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အဓိကတာဝန်ယူ လုပ်ဆောင်နေခြင်းဖြစ်သည်။
ဆင်းရဲမွဲနွားပါးမှုလျှော့ချရေးက
၂၀၁၅ ခုနှစ်တွင်မူ ကချင်၊ ကယား၊ ပဲခူး၊မန္တလေးနှင့် မွန်ပြည်နယ်တို့ရှိမြို့နယ်တစ်ြ
ကမ္ဘာ့ဘဏ်၏ အဆိုပါစီမံကိန်း ဦးဆောင် Task team leader Mr. Ingo က “စီမံကိန်းကို အောက်ခြေကနေ အပေါ်ကို တက်တဲ့မူနဲ့ လုပ်တာပါ။ လူထုအခြေပြု ဖွံ့ဖြိုးမှု (community Driven Development) စနစ် ဟာဆင်းရဲမှုလျှော့ချရေးအတွက် အလားအလာ အများကြီးကောင်းပါတယ်” ဟု ဆိုသည်။
၂၀၁၁ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သည့် ဦးသိန်းစိန်အစိုးရသည် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းကို ဦးစားပေး တာဝန် တစ်ရပ်အဖြစ် ကြေညာထားပြီး ၂၀၁၅ ခုနှစ်တွင် လက်ရှိဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်း အထိလျှော့ချရန် ကတိပြုထားသည်။
လူဦးရေ ၃,၀၀၀ အောက်ရှိ ကျေးရွာ အုပ်စုတစ်စုလျှင် ၂၀၁၃ ခုနှစ်၊ ပထမနှစ် ထောက်ပံ့ငွေအဖြစ် ကျပ်သိန်း ၁၈၀၊ လူဦးရေ ၃,၀၀၀မှ ၅,၀၀၀ အတွင်းရှိလျှင် ကျပ် ၂၄၃ သိန်း၊ လူဦးရေ ၅,၀၀၀ အထက်ဖြစ်ပါ က ကျပ် ၃၀၆ သိန်း ထောက်ပံ့ခဲ့ပြီး သုံးနှစ်ဆက်တိုက် ကူညီသွားမည်ဖြစ်သည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က “ဒီလိုရရှိတဲ့ ထောက်ပံ့ငွေနဲ့ စီမံကိန်းပထမနှစ်မှာ ကျေးရွာမှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ ရေပေးရေး၊ ကျေးလက် မီးလင်းရေး၊ အသေးစား ဆည်တမံ၊ အများ ပြည်သူသုံး အဆောက်အအုံများဖြစ်တဲ့ ကျောင်း၊ ဆေးပေးခန်း၊ ဈေး၊ အိမ်သာ စသည်တို့ အသေးစား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းတွေကို ကျေးရွာလူထုဆန္ဒနဲ့ အညီ ကျေးရွာလူထုကိုယ်တိုင်က ရွေးချယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
စီမံကိန်းတွင် လူထုသို့ တိုက်ရိုက် ထောက်ပံ့ငွေ၊ ကူညီထောက်ပံ့မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အသိပညာနှင့် လေ့လာသင်ယူခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မှု အထောက်အကူပြုခြင်း၊ အရေးပေါ် အခြေအနေများတွင် တုံ့ပြန်ခြင်း စသည်တို့ ပါဝင်မည်ဖြစ်သည်။
Aye Chan Mon Credit To:Mizzima - News in Burmese
http://
Post a Comment