0

By အိဖြူလွင်
ACM Re-Post 21-6-2014

ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်ဦးလှမောင်တင်ရာထူးမှ နုတ် ထွက်ခြင်းမှာ ၎င်း၏ သဘောဆန္ဒ အရသာဖြစ်ပြီး အဂတိလိုက်စား မှုကိစ္စများနှင့် မသက်ဆိုင် ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားလိုက်သည်။


‘‘ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေး လာတဲ့အခြေအနေတွေ၊ စိန်ခေါ် မှုများပြားလာတဲ့ အခြေအနေတွေမှာ ဖိစီးမှုတွေ၊ ဖိအားပေးမှုတွေ များလာတဲ့ အခြေအနေမှာ သူကိုယ်တိုင်ကိုက သူ့ရဲ့ ကျန်းမာရေးအခြေအနေအရ ဆက်ပြီးတော့မှ ဒီတာဝန်တွေကို ထမ်းဆောင်နိုင်ခြင်း မရှိဘူးဆိုပြီး သူ့ရဲ့ဆန္ဒနဲ့ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြလာတာပါ’’ ဟု ၀န်ကြီးချုပ်၏ နုတ်ထွက်ရခြင်း အကြောင်းရင်းကို ဦးရဲထွဋ်က ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် ဦးလှမောင်တင်၏ သုံးနှစ်တာ လုပ် ဆောင်ချက်များကို အသိအမှတ်ပြုပြီး ရှုပ်ထွေးနေသော စိန်ခေါ်မှုများ ကို ကျော်လွှားနိုင်ရန်မှာ ခေါင်း ဆောင်ပြောင်းလဲရန်လိုသည်ဟူ သော ဦးလှမောင်တင်၏ ယူဆ ချက်ကိုလည်း အစိုးရ အဖွဲ့က လက်ခံသည်ဟု ၎င်းကဆက် လက်ပြောကြားသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ရာထူးမှ နုတ် ထွက်ခွင့်ပြုကြောင်း နိုင်ငံတော် သမ္မတရုံးက ဇွန်လ ၁၉ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

လစ်လပ်နေသော ၀န်ကြီး ချုပ်ရာထူးအတွက် နယ်စပ်ရေး ရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ခန့် ထားနိုင်သည်ဆိုသော သတင်း များလည်း ထွက်ပေါ်နေသည်။

‘‘ပြည်နယ် ၀န်ကြီးချုပ်ကို လွှတ်တော်ကိုယ်စားလှယ်ထဲက ရွေးရင်တော့ ကောင်းတာပေါ့။ ဒီလိုမရွေးနိုင်လို့ လွှတ်တော်ကိုယ် စားလှယ်တွေက အရည်အချင်း မရှိလို့ ဒုတိယနည်းလမ်းတခြား လူခန့်တယ်ဆိုရင်တော့ လွှတ် တော်ထဲက သိက္ခာကျတာပေါ့’’ ဟု ရခိုင်ပြည်နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်  တာအေးမောင်ကပြောသည်။

စနစ်အရ ၀န်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်ထားနိုင် သည့်အတွက် ရခိုင်လူမျိုးများ ကြိုက်နှစ်သက်ခြင်းထက် သမ္မတနှစ်သက်ရန် ပို၍ လိုအပ်နေ သည်ဟုလည်း ဒေါက်တာအေး မောင်ကပြောသည်။

Aye Chan Mon Credit To:
http://www.ayechanmon-news1.com/

Post a Comment

 
Top