ဇွန်လ ၂၉ ရက်နေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံအရှေ့ပိုင်း ကမ်းခြေဘက်ကို မြောက်ကိုရီးယားက မစ်ဇိုင်း ဒုံးကျည် ၂ ကြိမ် ပစ်လွှတ်ခဲ့ပေမ့ယ် လာမယ် ဇူလိုင်လ ၁ ရက်နေ့မှာ ၂ နိုင်ငံ တွေ့ဆုံမယ့် အစီအစဉ်ကတော့ အပြောင်းအလဲ မရှိဘူးလို့ ဂျပန်က ပြောပါတယ်။
၂ နိုင်ငံ အစိုးရအဆင့် ဆွေးနွေးပွဲမှာ မစ်ဇိုင်းဒုံးကျည်ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေး သွားမယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကစ်ရှီဒါက ပြောပါတယ်။
နဂို ဆွေးနွေးပွဲအစည်းထဲမှာ လူသားချင်း စာနာမှုနဲ့ ဆိုင်တဲ့ ကိစ္စတွေ ပါဝင်ပြီး မြောက်ကိုရီးယားက ဖမ်းခဲ့တဲ့ ဂျပန်လူမျိုးတွေမှုကို ပြန်ပြီး စုံးစမ်းဖို့ ကိစ္စကလည်း တခုဖြစ်ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ပြည်လွန်နှစ်တွေမှာ အဖမ်ခံရတဲ့ ဂျပန်တွေ သေဆုံးသွားပြီလို့ မြောက်ကိုရီးယားက ပြောထားပေမယ့် ဂျပန်က ထပ်ပြီး စုံစမ်းချင်နေတာပါ။
ဇွန်လ ၂၄ ရက်နေ့ ဆွေးနွေးပွဲ ရလဒ်ဟာ ဂျပန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမလား။ ဆက်ထားမလားဆိုတာကို အဆုံးအဖြတ်ပေးဖွယ်ရှိပါတယ်။
အခုနောက်ဆုံး မစ်ဇိုင်း ဒုံးကျည်ကိစ္စကို ကန့်ကွက်ထားပြီဖြစ်သလို ဆွေးနွေးပွဲမှာ ထပ်ဆွေးနွေးပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ဂျပန်ကို တိုက်တွန်းသွားမယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒီတကြိမ်ပါဆိုရင် ဂျပန်ဘက်ကို ဦးတည်ပြီး မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးကျည်ပစ်တာ ဒီနှစ်အတွင်း ၃ ကြိမ်ရှိပြီလို့ ဂျပန် အစိုးရက ပြောပါတယ်။
၂ နိုင်ငံ ဆွေးနွေးပွဲတွေ အကြိုကာလမှာ မြောက်ကိုရီးယားဘက်က ဒီလို အကျိုးမရှိတဲ့ လုပ်ရပ်မျိုးကို ဘာကြောင့်လုပ်တာကိုလည်း သိချင်တယ်လို့ ဂျပန်ကာကွယ်ရေး ကာကွယ်ရေး ၀န်ကြီး အစ်ဆူနိုရီ အိုနိုဒီရာက သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးကတော့ နောက်ထပ် မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်မှုတွေကို သတိရှိဖို့ တပ်လှန့်ထားပါတယ်။ ဂျပန်နဲ့ မြောက်ကိုရီးယား ဆွေးနွေးပွဲကို တရုတ်နိုင်ငံမှာ ပြုလုပ်မှာဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတွေနဲ့ မြောက်ကိုရီးယား အဆင့်မြင့် သံတမန်တွေ တက်ရောက်ဖို့ ရှိပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကစ်ရှီဒါ
Aye Chan Mon Credit To: DVB
http://www.ayechanmon-news1.com/

Post a Comment