.......... " "" ကျနော့် ဘောလုံး ကစားသမား ဘ၀ မှာ လူ ၂၂ သန်းကျော်
ကို ကိုယ်စားပြုထားတဲ့ ဒီ လက်ရွေးစင် ဂျာစီ ကို ၀တ်ဆင်လိုက်တဲ့ အချိန်
မှာ ခံစားရတဲ့ ဂုဏ်ယူ ၀မ်းမြောက်မှု ပီတိ ကို ကျနော့် ရဲ့  ဘယ် ကလပ်
ကစားသမား ဘ၀ နင့်မှ မခံစားခဲ့ဖူးပါဘူး ။ ဒီ ဂျာစီ လေးကို ၀တ်ဆင်
ကစား နေရတဲ့ အချိန် တွေဟာ ကျနော့် ဘ၀ ရဲ့  ဂုဏ် အယူရဆုံး အချိန်
တွေပါ ။ "
........... အထက်ပါ ဇာတိသွေး တက်ကြွဖွယ် ဂုဏ်ယူဝင့်ကြွား ဖွယ် စ
ကား ကို ပြောဆို ခဲ့သူကတော့ အာဖရိက တိုက်မှ ကင်မရွန်း လက်ရွေး
စင်ဘောလုံး အသင်း ရဲ့  တိုက်စစ်မှူး ဆင်မြူရယ် အီတိုး က သူဧ။် က
စားသမား ဘ၀ အောင်မြင်မှု အထွဋ် အထိပ် ကို ရောက် ရှိနေချိန် ၂၀၀၅
-၂၀၀၆ ဘောလုံး ရာသီ မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ် ။
.......... ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် ဟာ အင်္ဂလန် ပရီတ်သတ်
မဟုတ် ခဲ့ပေမယ့် ကျနော် အားပေးတဲ့ အသင်း က လွဲရင် ဘရာဇီး နင့်
ကျနော့် အသဲစွဲ ပရီးမီးယားလိဂ် ကလပ် ကစားသမား တွေ ပါဝင် တဲ့
အင်္ဂလန် အသင်း ကို အခါခွင့်သင့်တိုင်း အားပေးခဲ့ ပါတယ် ။ ဒိုကြီး နင့်
ဒင်ဟို ကြောင့် သူများတွေ လို ရောယောင်ကာ ဘရာဇီး ကို အားပေး
ခဲ့ရသလို ဒေးဗစ် ဘက်ခမ်း ၊ စတီဗင်ဂျာရတ် နင့် ၀ိန်းရူနီ တို့ ကြောင့်
အင်္ဂလန် အသင်း ကို အားပေးခဲ့ မိပြန်ပါတယ် ။ ဒါပေမယ့် ကျနော့် ရင်
ထဲက အမှန်ကန် ရူးသွပ်ခဲ့တာက လိမ္မော်ရောင် နာရီကြီး ကို ပါ ။
.......... ဒီနေ့ အချိန် အထိ ကျနော် အားပေး ခဲ့တဲ့ လက်ရွေးစင် အသင်း
တွေ ထဲမှာ ၂ သင်း က အတော်အသင့် အော်မြင် ခဲ့ကြပေမယ့် အင်္ဂလန်
အသင်း ကတော့ ဥရောပ ရဲ့  ဒုတိယ မြန်မာ အသင်း လို့  တင်စားရ
လောက်တဲ့ အင်္ဂလန် အသင်း နင့် မျှော်လင့်ချက် ကတော့ တစ်ခါမှ မ
ပြည့်ဝ ဖူးပါဘူး ။ ကျနော် တို့ မြန်မာ လက်ရွေးစင် အသင်း ဟာလည်း
တစ်ချိန်က အာရှ ကျား ဆိုပြီး နာမည်ကြီးပေမယ့် ပြိုင်ပွဲ မစခင်ကတည်း
က အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံး အတွက် ရင်ဆိုင်ဖို့ 
ကြိုတင်ပြင်ဆင်ထားပါဆိုတဲ့ လွတ်လပ်ရေးဖခင်ကြီး ရဲ့  စကားကို မြေ
ဝေမကျ နားထောင်တဲ့ အသင်းပီပီ ပြိုင်ပွဲ မစခင်ကတည်းက အရှုံးကို ရင်
ဆိုင်ဖို့ြိကိုတင်ပြင်ဆင် ထားရလေ့ ရှိတဲ့ အသင်း ကြီး လေ ... ခုလည်း
မြန်မာ ပရီတ်သတ်တွေ ထဲမှာ အတော်သင့် နေရာယူထား နိုင်တဲ့ အင်္ဂ
လန် လက်ရွေးစင် အသင်း ရဲ့  အောင်မြင် မှု ကို ကြည့်လိုက်ရင် မြန်မာ
အသင်းထက် တောင် ဆိုးရွားနေတာ တွေ့ ရမှာပါ .....
......... အင်္ဂလန် လက်ရွေးစင် အသင်း ဆိုတာ ဥရောပ နာမည်အကြီး
ဆုံး ၁၀ သင်း မှာ အမြဲတမ်း ပါဝင်နေတဲ့ အသင်းပါ ။ ဥရောပ အကောင်း
ဆုံး အင်အားအကြီးဆုံး လိဂ်ကြီး ၄ လိဂ် မှာ စပိန် လာလီဂါ လိဂ် နင့်
မတိမ်းမယင်း အင်အားကောင်းလွန်းတဲ့ ပရီးမီးယားလိဂ်ကြီး ကို ပိုင်ဆိုင်
ထားပြီး အဲဒီ လိဂ် က အကောင်းဆုံး ကစားသမား များ နင့် ဖွဲ့ စည်းထား
တဲ့ အသင်းပါ ။ ဟုတ်ကဲ့ ဒါဆို သူတို့ ဘာကြောင့် မအောင်မြင် ကြရပါ
သလဲ ။ ဘာကြောင့် ကမ္ဘာ့ အဆင့် ပွဲစဉ်တိုင်း စောစီးစွာ ဖျာလိပ် ပြန်နေ
ကြရပါသလဲ ။ အဲဒီ မေးခွန်း ကို ကျနော့် အနေနဲ့  ဖြေကြည့်ရင်တော့
သူတို့ ရဲ့  မျိုးချစ်စိတ်ကြောင့် ပဲလို့  ကျနော် သေချာပေါက် ကောက်ချက်ချ
မိမှာ အမှန်ပါပဲ ။
.......... မိုက်ကယ်အိုဝင် ၊ ဒေးဗစ်ဘက်ခမ်း ၊ ဒေးဗစ်ဆီးမင်း ၊ ဖရန့် လမ်း
ပတ် ၊ ဂယ်ရီ နယ်ဗီးလ် ၊ရီရိုဖာဒီနန်၊ ဂျွန်တယ်ရီ ၊ စီတီဗင်ဂျာရတ် ၊ ၀ိန်းရူ
နီ စတဲ့ ဥရောပ ဟုန်းဟုန်းတောက် နာမည်ကြီး တွေ ပိုင်ဆိုင်ထားတဲ့
လက်ရွေးစင်အသင်း ၊ သက်ဆိုင်ရာ ကလပ် တွေ နဲ့  ဆိုရင် အသင်း ရဲ့ 
အဓိက ဒေါက်တိုင် ၊ ပြိုင်ဘက် တွေ တိုင်း လေးစားကြောက်ရွ့ံ ခဲ့ကြရတဲ့
ကစားသမား တွေ ပိုင်ဆိုင်ထားတဲ့ ဘောလုံး ဘိုးအေ တွေ ရဲ့  အသင်း
ဘာကြောင့် မအောင်မြင် တာလဲ ဆိုတာ ကို ကျနော် ရင်ထဲက ဆန္ဒ ခံ
ယူချက် အတိုင်း ပြန်ဖြေခွင့် ရရှိခဲ့ရင် ......
.........ဟုတ်ကဲ့ အထက်က ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူး ဆင်မြူ
ရယ်အီတိုး ရဲ့  စကားလုံးလေး တွေ နဲ့  တိုင်းတာပြီး အေဖြရှာကြည့်မိမှာ
အမှန်ပါပဲ ဗျာ ... ၂၀၀၈ ယူရို ခြေစစ်ပွဲ မအောင်မြင်ပဲ ကျဆုံးခဲ့တုန်းက
မီဒီယာ တွေ ရဲ့  ပစ်မှတ် ဖြစ်ခဲ့ရတဲ့ လက်ရှိ အသင်းခေါင်းဆောင် စတီ
ဗင်ဂျာရတ် ၊ ကလပ် အသင်း နင့် ဆိုရင် သရဲသဘက် လို ကြောက်စရာ
ကောင်းလွန်းတဲ့ အင်္ဂလိပ်တွေ ရဲ့  ဖူးဖူးမှုတ် ခဲ့ခဲ့ရတဲ့ ၀ိန်းရူနီ ၊ တို့ ရဲ့ 
တကယ့် သေရေးရှင်ရေး ဖြစ်တဲ့ ပွဲစဉ် တွေ ကျရင် ပျောက်သွားတတ်တဲ့
ခြေစွမ်းတွေ ၊ တဆိတ် ကို တစ်အိတ် ဖွဲ့ တတ်တဲ့ အင်္ဂလန် မီဒီယာ တွေ
ကြောင့် ဖိအား ဒါဏ် ကို အလူးလဲ ခံနေကြရတဲ့ နာမည်ကြီး အင်္ဂလန်
လက်ရွေးစင် စတားတွေ ၊ နင့် ဖွဲ့ စည်းထားတဲ့ နာမည်ကြီး ခရီးမ
ရောက် ခြင်္သေ့ သုံးကောင် အသင်းကြီး ရဲ့  မအောင်မြင် ရတဲ့ အကြောင်း
ကို ပြန်ဆန်းစစ်ကြည့်ရင် ခြေစွမ်းကြောင့် မဟုတ်ပဲ ။ အမျိုးချစ်စိတ်
အားနည်း ခြင်း နင့် ငွေချစ်စိတ် ကြီးမားခြင်း တို့  ကြောင့် လို့  ပဲ ကျနော်
ကောက်ချက် ချမိပါတယ် ။ ကလပ် အသင်း နင့် လေ့ကျင့်ခန်း ဆင်းနေ
တုန်း ဒါဏ်ရာရသွားလို့  တစ် လ နားရမှာ ထက် လက်ရွေးစင် အသင်း
ရဲ့  အဓိက ပွဲစဉ်ကြီးတွင် ပါဝင်နေစဉ် အတွင်း ဒါဏ်ရာရလို့  တစ်ပတ်
လောက် နားလိုက်၇မှာကို သေမလောက် စိုးရိမ်နေကြတဲ့ အင်္ဂလိပ် တွေ
ဟာ အမှန်ဆို လက်ရွေးစင် ဘောလုံး အသင်း ကစားသမား တွေ ထဲမှာ
ဒုတိယ ခံစားခွင့် အများဆုံး ရရှိနေကြရသူတွေပါ ။
.......... သို့ ပေမယ့် လက်ေ၇ွးစင် အသင်း အတွက် ကစားပေးရင်း ဒါဏ်
ရာရ သွားရင် သူတို့ ကို ခေတ်သစ် သူဌေးတွေ အဖြစ် စင်တင်ပေးထား
တဲ့ ကလပ် အသင်းတွေ အတွက် မပေးဆပ်ရ မှာ ကို စိုးရိမ် နေမှု တွေ
ကြောင့် နိုင်ငံအသင်း အတွက် ဆိုရင် အရိုကြေကြေ အရည်ခန်းခန်း
ကြိုးစား တိုက်ပွဲ ၀င်ချင် တဲ့ စိတ်ဓါတ် တွေမျိုး မရှိသေးသရွေ့  .. အထူး
သဖြင့် အထက်က ဆိုခဲ့ပြီး သည့် အတိုင်း လူဦးရေး ၂၂ သန်း အတွက်
ကိုယ်စားပြုထားတဲ့ လက်ရွေးစင် ဂျာစီ ကို ၀တ်ဆင်ကစားနေရချိန် ခံစား
နေရသည့် အာဖရီက ကပ္ပလီ တိုက်စစ်မှူး တစ်ယောက် ကဲ့သို့  ခံစားမှု မျိုး
ကို လူဦးရေး ၆၃ သန်း ကျော် အတွက် ကိုယ်စားပြု ယှဉ်ပြိုင် ကစားနေ
ကြရတဲ့ ဥရောပ ဘောလုံး မင်းသားကြီး တွေ ရဲ့  ရင်ထဲမှာ မသွပ်သွင်း
နိုင်သေးတဲ့ အချိန် ထိ တစ်ချိန် က နေမ၀င်အင်ပါယာ ပိုင်ရှင် တို့ ဧ။်
လက်ေ၇ွးစင် ဘောလုံးအသင်း အိမ်ပြန် စောနေကြရအုံးမှာ က တော့ ..
...
ကျနော့် ဧ။် ခံစားချက် သက်သက်သာ ဖြစ်ပါကြောင်း
#၀ိုင်း
Aye Chan Mon Credit To: Football Café
http://www.ayechanmon-news1.com/
Post a Comment