0


ကျည်ဆံတွေက
ကျွန်မခန္ခာကိုယ်အနှံ့ အပေါက်တွေဖေါက်ထွက်ခဲ့မယ်ဆိုရင်
အဲ့ဒီအပေါက်တွေကထွက်ကျလာမယ့် အလင်းတန်းတွေဟာ
အမှောင်တိုက်ထဲမှာ ပျောက်ဆုံးနေတဲ့
ရှင်တို့ရဲ့လမ်းတွေကို လင်းထင်းမြင်သာပါစေသား။
ရှေ့မှာချောက်ရှိလည်း
ရမယ်ဆို ဆင်းမယ်
ကျမဘာလိုချင်လဲ ရှင်တို့သိပါတယ်။
မျက်ကန်းတစ္ဆေမကြောက်သတဲ့လား
ဘယ်ဟုတ်ပါ့မလဲ
တစ္ဆေကမှ ကျွန်မကို ကြောက်အောင်မခြောက်နိုင်တာ။
ငြိမ်းချမ်းရေးအတွက်
ဘီလူးစည်း လူ့စည်းမရှိဘူး
ငြိမ်းချမ်းရေးအတွက်
နှလုံးသားမှာ စည်းနီ စည်းဝါ စည်းမထားဘူး။
နတ်ဒေ၀တာတွေက
ကျွန်မအကြောင်းကောင်းကောင်းသိကြတယ်
ပြီးတော့ ကျည်ဆံတွေကလည်းပဲပေါ့။
မပြစ်မှားနဲ့ ပစ်ရင်မှားမယ်။
ကျမဟာ ကျမအတွက်ရောက်လာတာမဟုတ်ဘူး
သန်း ၆၀ အတွက်
ခုဆို သန်း ၇၀၀၀ အတွက်ပါ ကျမ
ကမ္ဘာနဲ့စာချုပ် ချုပ်အဲ့ဒီအထဲမှာ ရှင်နဲ့ ရှင့်မိသားစုတွေ အကုန်လုံးပါတယ်ဆိုတာကိုလည်း ကျမကပြောချင်တာ။ ။

ခရမ်းပြာထက်လူ
ACM Re-Post 1-6-2014
Aye Chan Mon Credit To: ခရမ်းပြာထက်လူ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top