ACM Re-Post 5-6-2014
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရပ်ကျေး ဒုဥက္ကဋ္ဌတဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့နယ်ပါတီ တာဝန်ရှိသူက ပြောပါတယ်။
nld_flag_by_spidyweb-d4wo1lxသေဆုံးသူဟာ ဟိုပုန်းမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု ဒုဥက္ကဋ္ဌ အသက် ၅၀ နှစ်ရွယ် ဦးစံထွန်း ဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးတာလို့ တောင်ကြီးမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးခွန်သန်းလွင်က ပြောပါတယ်။
“မှောက်လျက်အနေအထား နောက်စေ့မှာ သေနတ်ဒဏ်ရာနဲ့ ဘေးမှာ ကျည်ဆန်ခွံ ၃ ခုတွေ့တယ်” လို့ အလောင်းနံဘေးမှာ ရောက်နေတဲ့ ဦးခွန်သန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။
သူ့ကို ဇွန်လ ၄ ရက် ည ၁၂ နာရီမှာ အမည်မသိ လူ ၂ ဦးက နေအိမ်မှာ လာခေါ်သွားပြီး ဒီကနေ့မနက် ရွာရဲ့ အနောက်ဘက် နွားစားကျက်မှာ အလောင်းပြန်တွေ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီပြစ်မှုကို ကျူးလွန်သူ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်သေးပါဘူး။ သေဆုံးသူ ဦးစံထွန်းဟာ ဒေသတွင်းမှာ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေသူဖြစ်ပြီး ဒီသေဆုံးမှုဟာ ဆပ်စပ်မှုရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
သေဆုံးသူရဲ့ ဒဏ်ရာရရှိချက် နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို တိုင်တန်းဖို့ စီစဉ်နေတယ်လို့ ဦးခွန်သန်းလွင်က ပြောပါတယ်။
Aye Chan Mon Credit To: DVB
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment