0

ACM Re-Post 6-6-2014

တစ်ခါတစ်လေမှာ ကျွန်တော်တို့ တစ်တွေဟာ သူများမသိတဲ့အကြောင်းကို ရှင်းပြချင်ကြတယ်။ သူသိပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။မော်တော်ကား မမြင်ဘူးတဲ့ တောသားတစ်ယောက်ကို မော်တော်ကားဆိုတဲ့ အကြောင်းကို ပြောပြရင် နားလည်မှာမဟုတ်ဘူး အနီးစပ်ဆုံးတူတဲ့ နွားလှည်းလို နိုင်းယှဉ်ပြီးတော့ ပြောပြရမှာ
ရှေးအခါက မွေးရာပါ မျက်မမြင်တစ်ဦးကို သူ့သူငယ်ချင်းက နွားနို့တိုက်တယ်။ နွားနို့က ဖြူနေတာပဲလို့ ပြောလိုက်တော့ သူ့သူငယ်ချင်းမျက်မမြင်က အဖြူဆိုတာ ဘာလဲပေါ့။ ဒါနဲ့ ဟိုလူက အဖြူဆိုတာ ဗျိုင်းလို အရောင်လို့ပြောတယ်။ မျက်မမြင်ကလဲ ဗျိုင်းဆိုတာ ဘာလဲပေါ့။

ဒီတော့ ဟိုလူက ဗျိုင်းဆိုတာ လည်ပင်းကောက်ကောက်နဲ့ အကောင်လို့ပြောတော့ မျက်မမြင်ကလဲ လည်ပင်းကောက်တယ်ဆိုတာ ဘာလဲပေါ့။

ဒါနဲ့ပဲ လက်ကို ကောက်ပြပြီးတော့ မျက်မမြင်ကို စမ်းခိုင်းတယ်။မျက်မမြင်က စမ်းကြည့်ပြီးတော့ စဉ်းစားတယ်။
အဖြူဆိုတာ ကွေးကွေးကြီးပါလားတဲ့

မောင်စိုင်း

Aye Chan Mon Credit To: နည်းစနစ်ကျကျအတွေးအခေါ်
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top