0

ဘယ်သူက ပိုချစ်တယ်ဆိုတာ မသိပါဘူး
သူကလဲ ငါ့ကို အရမ်းချစ်နေပေးသလို ငါကလဲ
သူ့ကို အရမ်းချစ်ပါတယ်

သူနှင့် ငါ ကြား
ဘယ်သူက ပိုပီးအားနည်းချက်တွေများတယ်ဆိုတာ
မသိပါဘူး ...သူမှာ ရှိတဲ့အရာလေးတွေကို လက်ခံပေး
နေမိသလို ငါနဲ့ ပါတ်သက်တဲ့အရာလေးတွေအပေါ်မှာလဲ
သူ တန်ဖိုးထားပေးတတ်တယ်

သူနှင့် ငါ ကြား
ဘယ်သူက အနိုင်ရပီး ဘယ်သူက အရှုံးပေးနေရတယ်
မသိပါဘူး ...သူ စိတ်ဆိုးနေတဲ့အခါ ငါ့ဘက်က အရင်ဆုံး
အလျှော့ပေးတတ်ပီး ငါ စိတ်ဆိုးတဲ့အခါ သူ့က
အရင် စချော့ပေးတတ်ပါတယ်

သူနှင့် ငါ ကြား
လိုအပ်မှုမရှိအောင် အပြန်အလှန် ဖန်တီးပေးနိုင်တဲ့သူတွေ
မဟုတ်ပါဘူး ...တစ်ယောက်ကိုတစ်ယောက်
တစ်ဘဝလုံးစာအတွက် လက်တွဲသွားချင်တဲ့စိတ်တွေနဲ့
အတူတူ ကြိုးစားရင်း ကျော်ဖြတ်နေကြတယ်

အဲ့ဒါကြောင့်
ငါ့ရဲ့ ဘဝမှာ သူဆိုတာ မရှိမဖြစ်လိုအပ်သလို
သူ့အတွက် ငါ ဆိုတာလဲ အရေးပါဆုံးသူတစ်ယောက်
ဖြစ်နေတတ်ကြတာပါ

Khin Myo Aye

Aye Chan Mon Credit To: Poem
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top