ACM RE-Post 18-6-2014
ရန်ကုန်၊ ဇွန် ၁၇- ထန်းတပင်မြို့ နယ်တွင်ဖွင့်လှစ်မည့် သုံးရုံမြောက် အထွေထွေရောဂါကုအလုပ်သမား ဆေးရုံကြီး အား ဆေးဝါးနှင့်ဆရာ ဝန်အခက်အခဲများကြောင့် မူလဖွင့် လှစ်ရန်ရည်ရွယ်ထားသည့် အချိန် ထက်သုံးလရွှေ့ဆိုင်း ထားရကြောင်း လူမှုဖူလုံရေးရုံးချုပ်၏ ညွှန်ကြားရေး မှူးချုပ်ဖြစ်သူ ဦးယုလွင်အောင်က ပြောကြားသည်။
အဆိုပါဆေးရုံကြီးသည် လူမှု ဖူလုံရေးဥပဒေစတင်ကျင့်သုံးသည့် ဧပြီ ၁ရက်မှ စတင်ကာ ဖွင့်လှစ်ရန် လျာထားခဲ့သော်လည်း အထက်ပါ အခက်အခဲများကြောင့် ဖွင့်လှစ်နိုင် ခြင်းမရှိသေးခြင်းဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။ ဦးယုလွင်အောင် က ''ဆေးရုံဖွင့်ဖို့က သုံးလလောက် ထပ်စောင့်ရဦးမယ်၊ ဆရာဝန်တွေလဲ မရသေးတာရယ်၊ ဆေးပစ္စည်းတွေ ကတော့ တင်ဒါခေါ်ထားပြီးပေမယ့် ဘယ်ဟာ ဝယ်ရမယ်ဆိုတာ ဈေးနှုန်း မသတ်မှတ်ရသေးတဲ့အတွက်ကြောင့် ပါ''ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လှုမှုဖူလုံရေး ဆေးခန်းများဆေး ရုံများကိုအဆင့် မြှင့်တင်လျက် ရှိနေပြီး လူမှုဖူလုံရေး ဆေးရုံကြီးများနှင့်ဆေး ခန်းများမှ တာဝန်ထမ်းဆောင်နေ သည့် ဆေး ဘက်ဆိုင်ရာဝန်ထမ်းများ၏ အရည် အသွေးများ တိုးတက်မြင့်မား လာစေ ရန်နှင့် ခေတ်မီစက်ကိရိယာများနှင့် နိုင်ငံတကာအဆင့်မီနည်းပညာများ အသုံးချပြီး ဆေးကုသမှုလုပ်ငန်းများ ကို ကျွမ်းကျင်စွာဆောင် ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ နိုင်ငံ လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။
လူမှုဖူလုံရေးစီမံကိန်းကို ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေအရ ၁၉၅၆တွင် စတင်ကျင့်သုံးအကောင် အထည်ဖော်ဆောင် ခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေဟောင်းအရ ၂၀၁၃ခုနှစ် ဒီဇင်ဘာလအထိ အကျုံးဝင်သည့် အလုပ်ဌာနပေါင်း ၃၃၄၂၃ ဌာနနှင့် လူမှုဖူလုံရေးအာမခံထားသည့် အလုပ် သမားပေါင်း ၆၈၅၂၈၉ ဦးအာမခံ ထားရှိခဲ့ကြောင်း၊ ယင်းအလုပ်သမား များကို လူမှုဖူလုံရေးအဖွဲ့ပိုင်အလုပ် သမားဆေးရုံကြီးများ၊ မြို့နယ်များ တွင် လူမှုဖူလုံရေးဆေးခန်းပေါင်း ၉၃ခန်းနှင့် စက်ရုံကြီးများတွင် ဌာန ကြီးဆေးခန်း ၄၂ခန်းထားရှိပြီး အလုပ်သမားများအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုများ ကို ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း လူမှုဖူလုံရေး အဖွဲ့မှ သိရသည်။
မိမိတို့အလုပ်သမားများနှင့် အနီး စပ်ဆုံးရှိသည့် ထန်းတပင်မြို့ နယ်၌ အလုပ်သမားဆေးရုံကြီးဖွင့်လှစ်မည
၁၉၅၉ခုနှစ်၌ ပြဋ္ဌာန်းခဲ့သည့် လူမှုဖူလုံရေးဥပဒေကို ယခုတွင်ခေတ် စနစ်နှင့်လျော်ညီပြီး နိုင်ငံတကာ ကျင့်ထုံးများနှင့် အညီ ဆောင် ရွက် နိုင်ရန် လူမှုဖူလုံရေးဥပဒေသစ်ကို ၂၀၁၂ခုနှစ် မတ် ၃၁ရက်တွင် ပြဋ္ဌာန်း ခဲ့ပြီး ၂၀၁၄ခုနှစ် ဧပြီ ၁ရက်တွင် စတင်ကျင့်သုံးခဲ့ကာ သုံးရုံမြောက် အလုပ်သမားဆေးရုံကြီးသည်လည်း အဆိုပါဥပဒေအရ အကျုံးဝင်ဆောင် ရွက်ရန်အတွက် လျာထားချက်တစ်ခု ဖြစ်ကြောင်းနှင့် လေးရုံမြောက်အလုပ် သမားဆေးရုံကြီးကိုလည်း ရွှေပြည် သာမြို့နယ်တွင် ထပ်မံ တည်ဆောက် ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် ရွှေပြည် သာစက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူ များထံတွင် မြေနေရာများရရှိရန်လည်း ညှိနှိုင်းထားကြောင်း လူမှုဖူလုံရေး ဦးစီးဌာနမှ ပြုလုပ်သည့်ပွဲများတွင် ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင် မှ ပြောကြားထားသည်။
[--Democracy today Daily Newspaper--]
Aye Chan Mon Credit To:Yangon Media Group
http://
Post a Comment