0
ဝိုင်းအောင် ACM Re-Post 19-6-2014

မကွေး၊ မဇ္ဈိမ။ ။ မကွေးမြို့နယ် အင်းတိုင်ကြီးကျေးရွာ အုပ်စု ဒေါင်းနေရွာ၏ ယာခင်းထဲမှ အမှိုက်များကို မီးရှို့ရာက ရှေးဟောင်း စစ်လက်ကျန် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု လာရောက်စစ်ဆေးသည့် ရဲတပ်ဖွဲ့နှင့် စစ်တပ်က အတည်ပြုကြောင်း ဒေါင်းနေကျေးရွာ ဆယ်အိမ်မှူး တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖြစ်ပွားပုံမှာ ဦးအောင်မြင့်က ယာထွန်နေစဉ် သူ၏ စာရင်းငှား ကိုအောင်မျိုးဇော်က ယာကန်သင်းရိုး၌ အမှိုက်များ မီးရှို့ရာက ပါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် မကွေးမြို့မ ရဲစခန်းကို အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့က လာရောက် စစ်ဆေးခဲ့သည်။

ယင်းပေါက်ကွဲမှုမှာ ဇွန်လ ၁၈ရက် နံနက် ၈နာရီ ၁၅မိနစ်တွင် ဒေါင်းနေရွာက ဦးအောင်မြင့်၏ ယာခင်းထဲတွင် ဖြစ်ပွားခဲ့ပြီး အမှိုက်မီးရှို့သူ ယာစာရင်းငှား
ကိုအောင်မျိုးဇော်၏ ဘယ်ဘက် တင်ပါးတွင် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် အနီးရှိ နွားနှစ်ကောင်ကိုလည်း ထိမိ၍ နွားတစ်ကောင်၏ ညာဘက်ပေါင်နှင့် အခြားတစ်ကောင်၏ ဘေးခြမ်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

ဒဏ်ရာရရှိသည့် ကိုအောင်မျိုးဇော်ကို နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် မကွေး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနသို့ ပို့ဆောင် ဆေးကုသခဲ့သည်။

မကွေးပြည်သူ့ဆေးရုံသို့ မီဒီယာသမားများက သွားရောက် သတင်းယူသော်လည်း ဆေးရုံအုပ်ကြီးက သတင်းယူခွင့် မပေးဘဲ ဓာတ်ပုံရိုက်ပါကလည်း အရေးယူမည်ဟု ပြောဆိုခဲ့သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top