ACM Re-post 16-6-2014
ရန်ကုန်၊ ဇွန် ၁၅- ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ မှ ဒေသ တွင်းဖြစ်ပွားခဲ့သည့် ကိစ္စများ အား နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ ဆုံတင်ပြရန် နေပြည်တော်သို့ ရောက် ရှိနေကြောင်း အဆိုပါအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ဒီမိုကရေစီတူဒေး သို့ ပြောသည်။
နိုင်ငံတော်သမ္မတနှင့် ကာကွယ် ရေးဦးစီးချုပ်တို့ အား တွေ့ဆုံရန် ကချင် ပြည် နယ် မှ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ သည် ဇွန်၁၅ရက် ၌ နေပြည်တော် သို့ ရောက် ရှိနေခြင်းဖြစ်ပြီးမကြာခင် တွေ့ဆုံတင်ပြနိုင်ရန်စီစဉ်လျက်ရ
ယင်းက ''တင်ပြတွေ့ဆုံမယ့်ကိစ္စ တွေကို အခုချိန် လမ်းမှာပဲရှိသေး တဲ့အတွက် ပြောပြ လို့မရသေးပါ ဘူး။ ဆွေးနွေးမယ့် ကိစ္စတွေကို တစ်ဘက် က သိသွားမှာစိုးလို့ မတွေ့ဆုံသေး ခင် မပြောသေးပါဘူး။ တကယ်လို့ တွေ့ဆုံခွင့် ရပြီးတာနဲ့ ချက်ချင်းတွေ့ ဆုံတင်ပြခဲ့တဲ့ အကြောင်းအရာတွေ ကို သတင်းစာရှင်း လင်းပွဲ လုပ်သွား မှာဖြစ်တယ်''ဟု ပြောသည်။
အဆိုပါ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့သည် ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တပ်ဖွဲ့အကြား သုံးနှစ်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲ များအတွင်း KIA မှ ရှမ်း တိုင်း ရင်း သားမျိုးနွယ်စုများအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများအား နိုင်ငံ တော် သမ္မတနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့အား တွေ့ဆုံ တင်ပြရန် စီစဉ်ထားကြောင်း အဆိုပါ အဖွဲ့ ကချင်ပြည်နယ်မှ မထွက်ခွာမီ က ပြည်တွင်း သတင်းစာတစ်စောင် ၏ မေးမြန်းချက်အား ဖြေကြားထား သည်။
ှံ
SH
[--Democracy today Daily Newspaper--]
Aye Chan Mon Credit To: Yangon Media Group
http://
Post a Comment