ထိုင်းနိုင်ငံတွင် အာဏာသိမ်းယူထားသည့် စစ်တပ်အစိုးရက အထွေထွေ ရွေးကောက်ပွဲကို (၂၀၁၅)ခုနှစ်ကျမှ ပြန်လည်ကျင်းပပေးနိုင်မည်ဟု အတည်ပြု ကြေညာခဲ့သည်။
အာဏာသိမ်းယူမှုကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာက (၂၀၁၅)ခုနှစ်၊ အောက်တိုဘာလ ဝန်းကျင်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းကို ဇူလိုင်လတွင် စတင်ကြေညာ အသိပေးနိုင်ရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အောက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ တစ်ရပ်ကို လိုလားပါတယ်။ လွတ်လပ်ရမယ်၊ မျှတရမယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ဟာ ထိုင်းဒီမိုကရေစီအတွက် ခိုင်မာတဲ့ အခြေခံ ဖြစ်ရလိမ့်မယ်”ဟု ရုပ်မြင်သံကြား မိန့်ခွန်းအတွင်းတွင် ဗိုလ်ချုပ်ကြီး ပရာယွတ်သ်က ထည့်သွင်း ပြောကြားခဲ့သည်။
၎င်းက “ဒီနေ့၊ ဒီအချိန်မှာ ရွေးကောက်ပွဲ ကျင်းပလိုက်မယ်ဆိုရင် ပဋိပက္ခတွေ၊ အရှုပ်အထွေးတွေ ဖြစ်လာဖို့ ဦးတည်သွားလိမ့်မယ်။ အရင်တုန်းက ဖြစ်ခဲ့တဲ့ ပဋိပက္ခ သံသရာတောထဲ ပြန်လည်ပတ်နေလိမ့်မယ်။ ခြစားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ဩဇာလွှမ်းမှုတွေ ကြုံလာမယ်။ လက်နက်ကိုင်ဆောင် အကြမ်းဖက်တာတွေ ဖြစ်လာဦးမယ်။ ဒီအခြေအနေကို ကျွန်တော်တို့ ထပ်ပြီးတော့ မကြုံတွေ့စေချင်ဘူး”ဟုလည်း ဆိုသည်။
အတိုက်အခံများကမူ စစ်တပ်သည် ရွေးကောက်ခံ နိုင်ငံရေးသမားများ၏ အရေးပါမှုကို လျှော့ချရန် စီစဉ်နေပြီး ယင်းသည် ဒီမိုကရေစီ ဖော်ဆောင်မှုတွင် အားနည်းသွားစေမည်ဟု ဝေဖန်ခဲ့ကြသည်။
_Channel News Asia
Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment