0

ACM Re-Post 19-6-2014

ပြည်သူလူထုကြားထဲမှာ စားသုံးရင် အန္တရယ်ရှိတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ အိုအီးရှီ အာလူးကြော်နဲ့ စနက်က် အထုပ်တွေ၊ ထိုင်းနိုင်ငံမှာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံထဲ တင်သွင်း ရောင်းချတဲ့ ဒီဒူးအချိုရည်ဘူးတွေနဲ့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ရော်ကာအချိုရည်ဘူးတွေကို စစ်ဆေး စမ်းသပ်ပြီးနောက် ဘာအန္တရာယ်မှ မရှိဘဲ စားသုံးဖို့ သင့်တဲ့အကြောင်း အက်ဖ်ဒီအေညွှန်မှူး ဒေါက်တာထွန်းဇော်က ပြောပါတယ်။

ဇွန် ၁၈ ရက်နေ့က နေပြည်တော် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနရုံးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

ဒီ အစားအသောက်တွေနဲ့ ပတ်သက်ပြီး စနစ်တကျ ဓာတ်ခွဲ စမ်းသပ်ပြီး ဖြစ်တဲ့အကြောင်း၊ အခြားပြည်ပက တင်သွင်းဖို့ တင်ပြလာတဲ့ အစားအသောက်အမျိုးအစားတွေလည်း ရှိတဲ့အကြောင်းနဲ့ စားသုံးဖို့ မသင့်လို့ ခွင့်ပြုချက် မပေးတာတွေလည်း အများကြီး ရှိကြောင်း ဒေါက်တာထွန်းဇော်က သတင်းထောက်တွေကို ရှင်းပြပါတယ်။

Aye Chan Mon Credit To: DVB
http://www.ayechanmon-news1.com/

Post a Comment

 
Top