0

ACM Re-Post 26-5-2014

မကြာမီ အသစ်ထုတ်တော့မည် ဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ ကွန်ပျူတာ စက်လည်ပတ်ရေးစနစ် တစ်ခုဖြစ်သော Windows 8.1 with bing ကို တန်ဖိုးနည်း တက်ဘလက်နှင့် မိုဘိုင်းလ်ဖုန်းများ၊ ကွန်ပျူတာများတွင် ထည့်သွင်း အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း First Post သတင်းတွင် ဖော်ပြထားသည်။

ယင်း ဆော့ဖ်ဝဲ OS အသစ်တွင် အင်တာနက် ရှာဖွေရေး ဆော့ဖ်ဝဲအဖြစ် Internet Explore ကို ထည့်သွင်းပေးထားမည် ဖြစ်ကာ မကြာသေးမီက အဆင့်မြှင့်ခဲ့သော Windows 8.1 နှင့် Windows 8.1 Update တို့ထက် အသုံးပြုရသည်မှာ ပိုပြီး လွယ်ကူ အဆင်ပြေနိုင်ကြောင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီက သူတို့၏ ဘလော့ဂ်တစ်ခု ဖြစ်သည့် Windows Experience တွင် ရေးသားထားသည်။

မိုက်ခရိုဆော့ဖ်က ထုတ်သည့် OS များတွင် နောက်ပိုင်း၌ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စများအတွက် လူအသုံးများသည့် Office ဆော့ဖ်ဝဲကို ထည့်သွင်းပေးလိုက်သည် ဖြစ်ရာ ယခုထုတ်မည့် Windows 8.1 with bing တွင်လည်း Office ကို ထည့်သွင်းပေးထားမည် ဖြစ်ပြီး Office 365 ဆော့ဖ်ဝဲအတွက်မူ အခမဲ့တစ်နှစ် အသုံးပြုခွင့် ပေးထားမည် ဖြစ်သည်။

OS စက်လည်ပတ်ရေး စနစ်များကို တန်ဖိုးအတိုင်း ပေးဝယ်ကာ အသုံးပြုနေကြသည့် နိုင်ငံများတွင် OS နှင့်တကွ အခြား Office ကဲ့သို့ ဆော့ဖ်ဝဲများကို တစ်ပူးတစ်ပေါင်းတည်း ရယူ အသုံးပြုနိုင်ခြင်းသည် အလွန်ထိုက်တန်သော တန်ဖိုးဖြင့် သုံးစွဲရခြင်း ဖြစ်ကြောင်း၊ နောက်လအတွင်း bing ဆော့ဖ်ဝဲ၏ လုပ်ဆောင်နိုင်စွမ်းများကို ကောင်းမွန်သည့် OS တစ်ခုကို အများပြည်သူများ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်က Windows Experience ဘလော့ဂ်တွင် ရေးသားထားသည်။

Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top