0

Thursday, May 22, 2014

အာကာသထဲက ကျလာတဲ့ ပစ္စည်း ၃ ခုဟာ တရုတ်နိုင်ငံ၊ ဟိုင်လောင်ဂျန်း ခရိုင်က မြေပြင်ကို ရိုက်ခတ် ကာ ကြီးမားတဲ့ ပေါက်ကွဲ သံကြီး တခု ပြီးခဲ့တဲ့ သောကြာနေ့က ကြားခဲ့ရပြီး ရွာသားတွေက ဒါဟာ ဂြိုလ် သားတွေ စီးတဲ့ အမည်မသိယာဉ်ပျံ ( UFO ) ပျက်ကျခဲ့တာလို့ ပြောဆို ယူဆနေကြပါတယ်။


ဒေသဆိုင်ရာ သတင်းမီဒီယာတွေကလည်း ဂြိုလ်သားတွေရဲ့ UFO ယာဉ်ပျက်ကျရာက အပိုင်းအစတခု လို့ပဲ ပြောဆိုရေးသားနေကြပါတယ်။

ဒါဟာ တချို့ရွာသားတွေပြောတာက မိုးကြိုးပစ်သံလို အသံအကျယ်ကြီး တခုကြားလိုက်ရတယ်။ ပြောသူ
တွေ ရှိသလို မီးလုံးကြီး တခု ကောင်းကင်က ကျလာတာလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။


အဲဒီနေရာကို သွားရောက်လေ့လာရှာဖွေကြတဲ့အခါ ၂ ပေ ၆ လက္ခအကျယ်အ၀န်းရှိပြီး ပေါင် ၉ဝ လေးတဲ့ အခု ဓာတ်ပုံထဲ မှာ မြင်ရတဲ့ ပစ္စည်းကို အသီးအနှံခင်းထဲက တွေ့ရှိခဲ့ကြတယ်လို့ The Mirror သတင်း တပုဒ်က ရေးထားပါတယ်။

တရုတ်အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။

အခုနောက်ဆုံးတော့ ပညာရှင်တွေရဲ့ လေ့လာ စမ်းစစ် သုံးသပ်ချက်အရ အဲဒီ ပစ္စည်းဟာ ဂြိုလ်သားတွေ စီးတဲ့ အမည်မသိယာဉ်ပျံ ( UFO) မဟုတ်ဘဲ ရုရှား ဒုံးပျံတခုရဲ့ အင်ဂျင်အစိပ်အပိုင်း အပျက်အစီး တခုဖြစ် တယ်လို့ ယုံကြည်ရပါတယ်တဲ့။

ရုရှားနိုင်ငံက မကြာခင်က ပစ်လွှတ်လိုက်တဲ့ Proton-M rocket ဟာ ကမ္ဘာမြေမျက်နှာပြင် အထက် မိုင် ၁ဝဝ လောက် ရောက်ခဲ့ပြီး အင်ဂျင်အစိပ်အပိုင်း တခုဟာ ပြုတ်ထွက်ကာ မီးလောင်ပြီး ကျလာတာဖြစ် မယ်လို့ ပညာရှင်တွေက ယုံကြည် ကြပါတယ်တဲ့။

အခုတော့ နောက်ထပ်အသေးစိပ် စုံစမ်းလေ့လာမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။



အိမ့်သံစဉ် ~
ACM Credit To: ဧရာဝတီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top