Turkish Land Forces Command အနေဖြင့် ပထမဦးဆုံး ၄င်းတို့နိုင်ငံထုတ် T129 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို မကြာသေးမီက လက်ခံရရှိခဲ့ပါသည်။ ၄င်းရဟတ်ယာဉ်များအား Bell AH-1 Cobra ရဟတ်ယာဉ်များနေရာတွင် အစားထိုးသုံးစွဲသွားမည်ဟု သိရှိရပြီး AgustaWestland A129 ကိုယ်ထည်အား အခြေခံ၍ တည်ဆောက်ထားကာ အင်ဂျင်ပိုင်း၊ဆက်သွယ်ချင်းအပိုင်းနှင့် ပန်ကာပုံစံများကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားသဖြင့် အထူးစစ်ဆင်ရေးများတွင်ပါ တာဝန်ထမ်းဆောင်နိုင်မည်ဟု ဆိုပါသည်။
ယခုတိုက်ခိုက်ရေးရဟတ်ယာဉ်အား Turkish Aerospace Industries နှင့် AgustaWestland တို့မှ ပူပေါင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံရှိပါသည်။ TAI ၏ အဆိုအရ ၄င်းတို့၏ ရဟတ်ယာဉ်များသည် ပျံသန်းချိန်နာရီပေါင်း ၄၀၀၀ ကျော်ရှိပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ကတည်းက စတင်တာဝန်ထမ်းဆောင်နေပြီဟု သိရပါသည်။
ရဟတ်ယာဉ်တွင် Hellfire Laser Guided Missile များကိုတပ်ဆင်ထားပါသည်။ T129 အမျိုးအစား နှင့်ပတ်သက်၍ T129A နှင့် T129B ဟူ၍ရှိပြီး T129B တွင် တန်ပြန်တင့်ဖျက်ဒုံးပျံ၊ လေဆာညွှန်ပြသည့်စနစ် တို့ပါဝင်ပြီး ၄င်းစနစ်များကို Rokestan မှ ဖန်တီးတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။ တီထွင်ထုတ်လုပ်မှု အစောပိုင်းကာလများက T129 ရဟတ်ယာဉ်အစင်း ၉၁ စင်းထုတ်လုပ်ရန် ရည်ရွယ်ခဲ့ကြပြီး လက်ရှိတွင် ၅၉ စင်းအား လွှဲပြောင်းပေးအပ်ပြီးဖြစ်သော်လည်း တူရကီနိုင်ငံအနေဖြင့် နောက်ထပ် အစင်း ၄၀ ကိုထပ်မံဝယ်ယူ ရန် အမှာစာထားရှိခဲ့ပါသည်။
T129 အမျိုးအစား ရဟတ်ယာဉ်များအနေဖြင့် ၂.၇၅ လောင်ချာပင်စင်များ သယ်ဆောင်နိုင်သည့် သလို T129B အနေဖြင့်လည်း Rokestan မှ တီထွင်ဖန်တီးပေးထားသော 12 UMTAS Electro-optically Anti-Tank Guided Missiles များကို သယ်ဆောင်နိုင်ကြောင်း သိရှိရပါသည်။
Ref:DT
WorldWide(BMSTU)
ACM Credit To: TechSpace Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment