0

မောင်မန်း

ရန်ကုန်၊ မေ ၇

ဒီတစ်ပတ် ကျပ်သုံးသိန်းအောက် စမတ်ဖုန်းတွေထဲက အသစ်ရောက်လာတဲ့ စမတ်ဖုန်း နှစ်လုံးအကြောင်း လေ့လာကြည့်ရအောင်။

စမတ်ဖုန်းသစ်တွေထဲမှာ ကျပ်သုံးသိန်းအောက်ဆိုတာ အများကြီးပါ။ ဒီထဲက Sony Xperia M2 dual နဲ့ Samsung Galaxy Grand Neo တို့ကို ရွေးချယ်လိုက်ပါတယ်။

Display

မျက်နှာပြင်အရွယ်အစားမှာ Sony ရဲ့ Xperia M2 dual က အနည်းငယ် သေးပါတယ်။ ၄ ဒသမ၈ လက်မ အရွယ်ပါ။ Samsung ကတော့ သူတို့ရဲ့ Grand Neo ကိုငါးလက်မမျက်နှာပြင်နဲ့ ထုတ်လုပ်လိုက်ပါတယ်။ ဖုန်းရဲ့အရွယ်အစားဟာ အသုံးပြုသူအပေါ် မူတည်ပြီး အကြိုက် ကွဲတတ်တာဆိုတော့ အထူးပြောမနေ တော့ပါဘူး။

CPU

Quad-core 1.2 GHz Cortex-A7 CPU ကိုအသုံးပြုထားတဲ့ ဒီဖုန်းနှစ်လုံးမှာ 1GB Ram အသုံးပြုထားတာ ချင်းလည်း တူညီပါတယ်။ Storage အနေနဲ့ကတော့ Samsung မှာ 8GB နဲ့ 16GB နှစ်မျိုး ရနိုင်ပါတယ်။ Sony ကတော့ 8GB ထည့်သွင်း ပေးထားပါတယ်။

Bettery

ပါဝါအသုံးပြုမှုအတွက် Samsung က Li-Lon 2300mAh ဘက်ထရီကို အသုံးပြု ထားပါတယ်။ Sony တို့ ကလည်း သူတို့ရဲ့ M2 dual ကို Li-Lon 2300 mAh ကိုပဲ သုံးထားပါတယ်။

Camera

ကင်မရာအသုံးပြုမှု အရေးကြီးတယ်ဆိုတာကို မပြောတော့ဘဲ အရည်အသွေးနှစ်ခုကိုပဲ ယှဉ်ပြတော့မယ်။ စမတ်ဖုန်းတစ်လုံး ၀ယ်မယ်ဆိုရင် ကင်မရာ အရည်အသွေးကို ပထမဆုံး လေ့လာတတ်တာမျိုး မဟုတ် လား။ Samsung တို့က 5MP အရည်အသွေး ကင်မရာတပ်ဆင်ထားပြီး Sony ကတော့ ထုံးစံအတိုင်း ကင်မရာကို အားသာအောင် လုပ်ထားပါတယ်။ 8MP အထိရနိုင်မှာ ဖြစ်ပါတယ်။ Panoramaအပါအ၀င် ကင်မရာ အားသာချက်တွေရှိတဲ့ Sony က နှစ်သက်စရာပါ။

Network & OS

နှစ်မျိုးစလုံးက GSM နှစ်ကတ် ထည့်သုံးနိုင်တဲ့ ဟန်းဆက်တွေပါပဲ။ အသက်မွေးဝမ်းကျောင်းဘ၀နဲ့ မိသား စုဘ၀ကို ခွဲထားချင်တဲ့သူဆိုရင်တော့ ဟန်းဆက်နှစ်လုံး သီးခြားမထားဘဲ သုံးလို့ရမှာပါ။ OS အနေနဲ့က တော့ Samsung က Android Version 4.2 (Jelly Bean) ကို သုံးထားပါတယ်။ Sony ကတော့ 4.3 (Jelly Bean) သုံးထားပါတယ်။

Price

ဈေးနှုန်းအနေနဲ့ကတော့ Sony တို့က သူတို့ရဲ့ M2 dual ကို ကျပ် ၂၇၉,၀၀၀ သတ်မှတ်ထားပါတယ်။Samsung ရဲ့ Grand Neo ကတော့ ကျပ် ၂၄၂,၀၀၀ ပဲဆိုတော့ ကျပ်သုံးသောင်းကျော် ကွာခြားမှု ရှိပါ တယ်။

အရည်အသွေးပိုင်းမှာ အနည်းငယ် အားသာတယ် ဆိုတာတော့ရှိပေမယ့် ကိုယ့်အသုံးဝင်မှုနဲ့ တတ်နိုင်တဲ့ ငွေပမာန ချိန်ကြည့်ရမှာပေါ့။ ကျပ်သုံးသိန်းအောက်ဖုန်းတွေထဲက ဒီဖုန်းနှစ်လုံးဟာ ရွေးချယ်ချင်စရာအရည် အသွေးတွေ ရှိနေတဲ့အတွက် ဒီတစ်ပတ် ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်လိုအပ်ချက် အပေါ်မူတည်ပြီး သင့်လျော်တဲ့ဖုန်းကို ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။

Aye Chan Mon# Credit To :Mizzima - News in Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
4

Post a Comment

 
Top