ကမ္ဘာ့မြေနေ့ အထိမ်းအမှတ် နာဆာရဲ့ အကြီးမားဆုံးသော Selfie ပုံကြီး
ACM Re-Post 25-5-2014
Selfie ရိုက်ရတာ ကို လူတိုင်း နှစ်သက်ကြမယ်ထင်ပါတယ်။ Selfie ကို အလွယ်ကူဆုံး နားလည်အောင် ဘာသာပြန်ရရင် ကိုယ်ပုံကိုယ်ပြန်ရိုက်တာ လို့ ပြောရပါမယ်။ ကမ္ဘာ့မြေနေ့ဆိုတော့ သိတဲ့အတိုင်း
ကမ္ဘာ့ မြေကြီးကို ရေရှည်တည်တံနိင်အောင် သဘာဝ စိမ်းလန်းစိုပြည့်ရေး လုပ်ငန်များကို လုပ်ကြတာပေါ့။
ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ဧပရယ် ၂၂ ရက်နေ့ဟာ ကမ္ဘာ့မြေ့နေ့ ဖြစ်ပါတယ်။ ထိုနေ့ ပတ်ပတ်လည်လောက်မှာ အမေရိကန် အာကာသ သိပ္ပံ စခန်းတစ်ခုဖြစ်တဲ့ NASA ဟာ ကမ္ဘာ့သူ ကမ္ဘာ့သားတွေကို ကမ္ဘာ့မြေနေ့ အမှတ်တရ အထိမ်းအမှတ်ပွဲတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။
အဲဒီနေ့မှာ နာဆာဟာ “ သင့်အခုအချိန် ကမ္ဘာ့မြေရဲ့ ဘယ်နေရာမှာပါလဲ “ လို့ ပို့စ်တစ်ခုတင်ခဲ့ပြီး အဖြေကို စကားလုံးနဲ့ မဟုတ်ပဲ ကိုယ်တိုင်ရိုက်ထားတဲ့ Selfie ဓာတ်ပုံနဲ့ ဖြေစေခဲ့ပါတယ်။ ထိုသို့ပြန်လည်ဖြေကြားရာတွင် ဆိုရှယ်မီဒီယာများဖြစ်တဲ့ Facebook, Twitter, Google Plus, Instagram စတဲ့လူမူကွန်ရက် အသီးသီးက#globalselfie ဆိုပြီး Tag လုပ်ကာ ပေးပို့ရတာဖြစ်ပါတယ်။ ပေးပို့ထားခဲ့ကြတဲ့ ဓာတ်ပုံတွေဟာဆိုရင် 35,422 ဓာတ်ပုံရှိခဲ့ပြီး
ထိုပုံတွေအားလုံးကို အပေါ်ဘက်မှာ မြင်တွေ့နေရတဲ့ ကမ္ဘာ့လုံး (၂) လုံးစာ 3.2-gigapixel ရှိ ဓာတ်ပုံကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ gigapixel ဆိုတာ (1) megapixel ရှိတဲ့ ဒီဂျစ်တယ် ကင်မရာနဲ့ အကြိမ်တစ်ထောင်ရိုက်နိင်တဲ့ အချိုးဖြစ်ပြီး Pixel ပေါင်း (၁) ဘီလီယံ ရှိနေပါတယ်။
အသေးစိတ် ထို Selfie ပုံများကို ချဲ့ဆွဲကြည့်ချင်ရင်တော့http://www.gigapan.com/gigapans/155294 တွင် ၀င်ရောက် ကြည့်ရူလေ့လာနိင်ပါတယ်။
အောင်ဟိန်း ( ရိုးရာလေး )
ACM Credit To:YoYarLay
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment