ACM Re-Post 25-5-2014
မိုဘိုင်းလ်ဖုန်းနှင့် တက်ဘလက်များတွင် လပေးစနစ်ဖြင့် e-Book စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်သည့် Wun Zinn Application (ဝန်ဇင်း) ကို လာမည့် ဇွန်လကုန်တွင် အခမဲ့ စတင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း အဆိုပါ Application ကို ဖန်တီးနေသည့် Bagan Innovation Technology ကုမ္ပဏီမှ Marketing Manager ဦးဝင်းထွဋ်ဟန်က The Voice သို့ ပြောကြားသည်။
မိုဘိုင်းလ်ဖုန်း ဘေလ်မှတစ်ဆင့် ငွေပေးချေ၍ အသုံးပြုနိုင်သည့် အဆိုပါ Application တွင် အရောင်းနှင့် အငှားဟူ၍ နှစ်မျိုး ပါဝင်မည် ဖြစ်ပြီး လက်ရှိတွင် အရောင်းဝန်ဆောင်မှုကို Beta Version အနေဖြင့် အသုံးပြုနိုင်နေပြီ ဖြစ်ပြီး အငှား ဝန်ဆောင်မှု အပါအဝင် Final Version ကိုမူ လာမည့် ဇွန်လကုန်တွင် အပြီးသတ်သွားမည်ဟု ၎င်းကဆိုသည်။
“အငှားနဲ့ ပက်သက်ပြီးတော့ အစီအစဉ် ဆွဲနေတုန်း ဖြစ်တဲ့အတွက် အသေးစိတ်ကိုတော့ ပြောလို့ မရသေးပါဘူး။ e-book ဝယ်ဖတ်လို့ရတဲ့ Wun Zinn ကို Google Playstore မှာ အခမဲ့ Download လုပ်နိုင်ပါတယ်။ အငှား Application ထွက်လာရင်တော့ လက်ရှိ Application ကို update လုပ်ရမှာပါ” ဟု ဦးဝင်းထွဋ်ဟန်က ပြောကြားသည်။
e-Book များကို စာရေးဆရာများထံမှ တရားဝင် ခွင့်ပြုချက်ဖြင့် ရောင်းချမည့် စာအုပ်များကို အရေအတွက် အကန့်အသတ် မရှိဘဲ ဝယ်ယူနိုင်ပြီး အငှား ဝန်ဆောင်မှုအတွက် လစဉ် ပေးချေရမည့် တန်ဖိုးနှင့် စာအုပ်အရေအတွက် ကန့်သတ်ထားမည် ဖြစ်ကြောင်း BIT ကုမ္ပဏီထံမှ သိရှိရသည်။
ပြည်တွင်း Software ကုမ္ပဏီတစ်ခု ဖြစ်သည့် Bagan Innovation Technology သည် မိုဘိုင်းလ် Platform မျိုးစုံအတွက် Application ငါးဆယ်ကျော်ကို ထုတ်လုပ် ရေးဆွဲခဲ့ပြီး ဖြစ်သည်။
(ယောနသံ)
ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment