0


မြင့်မြင့်စိုး

တရုတ်မင်းသား( Liu Xiao Ling Tong) အနောက်ဘက်သို့ ခရီးသွားခြင်း (စွန်းဝူခုန်း) သည် တရုတ်-မြန်မာချစ်ကြည်ရေး ခရီးစဉ်အဖြစ် မေလ ၂၁ရက် ညက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ၎င်းသည် မေ ၂၂ ရက် နံနက် ၈နာရီခွဲတွင် Sky Star ဟိုတယ်၌ တရုတ်-မြန်မာချစ်ကြည်ရေး အသင်းအဖွဲ့ဥက္ကဌ
ဦးစိန်ဝင်းအောင်နှင့် တွေ့ဆုံနှုတ်ဆက် စကားပြော ပြီးနောက်တွင် Liu XiaoLing Tong ကို ချစ်ကြည်ရေးသံတမန် ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

LiuXiao Ling Tongကို တရုတ်-မြန်မာချစ်ကြည်ရေး အသင်းက မြန်မာနိုင်ငံသို့ တရုတ်မြန်မာ ချစ်ကြည်ရေးအတွက် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ Liu Xiao Ling Tong (စွန်းဝူခုန်း)သည် သန်လျင်မြို့ရှိ ဆုတောင်းပြည့် တိုင်းရင်းသားဖွံ့ ဖြိုးရေး လူငယ်ပရဟိတဂေဟာသို့ သွားရောက်ပြီး အလှူငွေကျပ်(၁ဝ) သိန်းလှူဒါန်း ခဲ့သည့်အပြင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်သို့ သွားရောက် လေ့လာခဲ့သည်။

ယင်းအပြင် ရွှေတိဂုံဘုရား၊ ခြောက်ထပ်ကြီးဘုရားနှင့် ခရေပင်လမ်းခွဲရှိ တောကျောင်း ဓမ္မရိပ်သာ တို့သို့သွားရောက်ကာ လေ့လာခဲ့ပြီး မန္တလေး၊ နေပြည်တော်နှင့်
ပုဂံဒေသ များသို့လည်း ထပ်မံ သွားရောက် လည်ပတ်မည်ဖြစ်သည်။

ယခုရောက်ရှိလာသည့် Liu Xiao Ling Tong သည် မြန်မာ့အသံရုပ်မြင်သံကြားတွင် ၁၉၉၅-၁၉၉၆ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့သည့် အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ၎င်းဇာတ်ကားသည် မြန်မာပရိသတ်များနှင့် ကလေးများကို ဖမ်းစားနိုင်သည့် ဇာတ်လမ်းတွဲတစ်ခုဖြစ်သည်။

ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top