ACM Re-Post 28-5-2014
နယ်စပ်တွင် အရောင်းအဝယ်ဖြစ်နေသော KNU/KNLA ငြိမ်းချမ်းရေး ပါမစ်ကား
များအား ကညနမှ တရားဝင် လိုင်စင်ထုတ်ပေးမည်မဟုတ်ဟု ကညနတိုင်းဦးစီးမှူး ဦးကျော်အေးလွင်က ပြောသည်။
နယ်စပ်တွင် KNU/KNLA ငြိမ်းချမ်းရေးပါမစ်ကားဟု ပြောကာ အရောင်းအဝယ်ပြုလုပ်ပြီး ရန်ကုန်တွင် စီးလိုပါက ငွေကျပ်ကိုးသိန်းထပ် ပေးပြီး ကညနမှ ကား၏တရားဝင် တန်ဖိုး ၃ဝ ရာခိုင်နှုန်းပေးရုံဖြင့်မကြာမီ တရားဝင်လိုင်စင် ထုတ်ပေးမည်ဖြစ် ကြောင်း သတင်း များကြားနေရကြောင်း အဆိုပါ နယ်စပ်ရောက်နေသူတစ်ဦး ထံမှ သိရသည်။
ကညနမှ တိုင်းဦးစီးမှူး ဦးအေးကျော်လွင်က ''လိုင်စင်ဘယ်တော့မှ မထုတ်ပေးပါဘူး။ ဒါတွေကလည်း လူတွေကို လိမ်ရောင်းနေတာပါ''ဟု ၎င်းက ပြောသည်။
ထို့ပြင် အဆိုပါကားများမှာ ကညနမှ တရားဝင်လိုင်စင်ထုတ်ပေး ထားခြင်းမရှိသည့်အတွက် မည်သည့် နေရာတွင်မှ စီး၍မရကြောင်း၊ အဆိုပါ ကားများအားတွေ့ရှိပါက ယာဉ်ထိန်း ရဲများကလည်း ဖမ်းဆီးအရေးယူနေကြောင်း ၎င်းက ထပ်ပြောသည်။
ထို့ပြင် ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်နေ
''ဒီလိုမျိုးက မြဝတီဘက်က လိုင်စင်မဲ့ကားတွေ သွင်းတဲ့ပုံစံပါ။ ဝယ်မယ်ဆိုရင်တော့ ၁ဝဝ ရာခိုင်နှုန်းမှာ ၉၉ ရာခိုင်နှုန်းကအရှုံးပဲ''ဟု ၎င်းက ထပ်ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၂ ရက်နေ့ ထိလိုင်စင်မဲ့ဖမ်းဆီးမှုမှာ ၇၂ စီးဖြစ်ပြီး အဆိုပါ ၇၂ စီးတွင်ပိုင်ရှင်မဲ့ယာဉ် ၅၉ စီးနှင့် ပိုင်ရှင်ရှိအမှု ဖွင့်ထားသောယာဉ် ၁၃ စီး ပါဝင်ကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ် ပြည်ထောင်စုနေ့မှ စ၍ နိုင်ငံတော်သမ္မတကြီး၏ အစီအစဉ် ဖြင့် ငြိမ်းချမ်းရေးပါမစ်ကားများ တင်သွင်းခွင့်ပြုလိုက်ရာမှ အဆိုပါ
ကားဈေးကွက်မှာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ဇေဝေယံ
Aye Chan Mon Credit To: Popular Myanmar News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment