Published on: May 14, 2014
Written by: ကိုရွှေသိန်း (မြ၀တီ)
မြန်မာ-ထိုင်းနယ်စပ် မြ၀တီကုန်သွယ်ရေးစခန်းတွင် ဖွင့်လှစ်ထားသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရုံးခန်း ဖွင့်လှစ်ပြီးနောက် ခုနစ်လတာ ကာလအတွင်း FDA လျှောက်ထားမှု ၆၅၅ စောင်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြ၀တီကုန်သွယ်ရေးစခန်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရုံးခန်းအား ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ အစားအသောက်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဆေးဝါးများကို စစ်ဆေးနိုင်ရန်အတွက် မီနီလတ်ဓာတ်ခွဲခန်း အသေးစားကိုလည်း ထားရှိသွားမည်ဖြစ်ရာ ထိုမှတစ်ဆင့် ဓာတ်ခွဲခန်းကြီးအထိ စီစဉ်ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
“အိန္ဒိယနယ်စပ်မှာရှိတဲ့ တမူးနဲ့ တရုတ်နယ်စပ် မူဆယ်တို့မှာ မီနီလတ် (အသေးစားဓာတ်ခွဲခန်း) ဖွင့်လှစ်ထားပြီးဖြစ်သလို မြ၀တီမှာလည်း မကြာခင် ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်။ နေရာထိုင်ခင်း အခက်အခဲကြောင့် အနည်းငယ် ကြန့်ကြာနေတာ ဖြစ်ပါတယ်” ဟု မြ၀တီကုန်သွယ်ရေးစခန်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရုံးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဆေးဝါးနှင့် စားသောက်ကုန်များအား ပြည်တွင်းဈေးကွက်သို့ ကုန်သွယ်မှုပြုရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထောက်ခံချက်ပါရှိမှသာ အခွန်ဆောင် သွားလာခွင့်ပြုပြီး dedo၊ fruito၊ sprite၊ Milk နှင့် အချိုရည်မျိုးစုံ၊ ခေါက်ဆွဲ၊ ငရုပ်ဆီတို့ အများဆုံး လျှောက်ထားခဲ့ကြကြောင်း သိရသည်။
မြ၀တီနယ်စပ်မှ တင်သွင်းလျက်ရှိသော ချောကလက်နှင့် ရေခဲမုန့်များကို ရန်ကုန်မြို့၌သာ FDA ထောက်ခံချက် လျှောက်ထားပြီး ရန်ကုန်ဈေးကွက်သို့ တိုက်ရိုက်တင်သွင်းလျက် ရှိသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ထောက်ခံချက် လျှောက်ထားရာ၌ အမျိုးအစား၊ အမျိုးအမည်နှင့် ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲနှင့် ထုတ်လုပ်သည့်နိုင်ငံတို့အား အင်္ဂလိပ်ဘာသာစကားဖြင့် တိကျစွာ ဖော်ပြပါရှိရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားပေါ်တွင် ကုန်ပစ္စည်းတင်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှေသိန်း (မြ၀တီ))
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment