0

ACM Re-Post 24-4-2014

ဒီနေ့ အွန်လိုင်းပေါ်မှာ လက်ဆင့်ကမ်းပြီး လူပြောများနေကြတာကတော့ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ကို ပိတ်သိမ်းသွားတဲ့ အသိပေးကြေညာချက်အကြောင်းပါဘဲ။

အခုလို ဦးဝီရသူက သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်အကောင့်ကို ပိတ်သိမ်းရတာဟာ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို ဆထက်တံပိုး ပိုတိုး လုပ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါ တယ်။

ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ လွန်ခဲ့တဲ့ နှစ်လောက်ကတည်းက ဦးဝီရသူရဲ့ အမြင်တွေ၊ လှုပ်ရှားမှု
တွေ၊ လှုံ့ဆော်တိုက်တွန်းမှုတွေ စဉ်ဆက်မပြတ်ဖော်ပြလာခဲ့ကြတာမှာ နိုင်ငံခြားသတင်းဋ္ဌာနတွေကပါ သတိထား စောင့်ကြည့်လာရတဲ့ ဖေ့စ်ဘုတ်အကောင့်လည်းဖြစ်ပါတယ်။

ဦးဝီရသူကို အမေရိကန်အခြေစိုက် တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာ အကြမ်းဖက်သမားနဲ့ တင်စားပြီး
ရေးသားချက်ဟာ အတော်ပွဲဆူခဲ့တဲ့ဖြစ်ရပ်ပါ။

ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်က လှုံ့ဆော်ရေးသားမှု၊ ခရီးစဉ်တွေနဲ့ တရားပွဲတွေကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းတွေဖြစ်ကြရတယ်လို့ တချို့ နိုင်ငံခြားသတင်းဋ္ဌာနတွေက စွပ်စွဲ ရေးသား ကြတာတွေလည်း
တွေ့ရပါတယ်။

အခုတလော ဖေ့စ်ဘုတ်အကောင့် ပိတ်သိမ်းသူတွေကတော့ ထင်ရှားတဲ့ သူတွေဖြစ်ပြီး အဆိုတော် မီးမီးခဲ၊ သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော် တို့ဖြစ်ပြီး အခုနောက်ဆုံး ဦးဝီရသူ ဖြစ်ပါတယ်။

အိမ့်သံစဉ် ~

ACM Credit To: ဧရာဝတီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top