ACM Re-Post 24-4-2014
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်မှာ မေလ ၂၄ ရက် စနေနေ့ မနက်ပိုင်းက ပြင်းအား ၅.၆ ပမာဏရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ အမေရိကန်ပြည်ထောင်စု ဘူမိလေ့လာရေးအဖွဲ့ USGS က ပြောပါတယ်။ ဒါပေမယ့် ချက်ချင်းတော့ ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု ရှိကြောင်း အစီရင်ခံစာတွေ မရှိသေးပါဘူး။ သောကြာနေ့ ဂရင်းနစ် စံတော်ချိန် 2049 GMT အချိန်မှာ လှုတ်ခတ်သွားခဲ့တဲ့ ငလျင်ရဲ့ဗဟိုဟာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားရဲ့ အရှေ့တောင်ဖက် ၆၅ ကီလိုမီတာ အကွာမှာ တည်ရှိပြီး မြေပြင်အနက် ၂၄ ကီလိုမီတာကနေ လှုပ်ခဲ့တာလို့ USGS အဖွဲ့က ပြောပါတယ်။
နောက် ၁ နာရီ အကြာလောက်မှာဘဲ မြစ်ကြီးနားမြို့ ရဲ့ အရှေ့ မြောက် ၆၆ ကီလိုမီတာ မြေပြင်အနက် ၄၃.၅ ကီလိုမီတာ မှာ ဗဟိုပြုပြီး ၄.၂ ပမာဏ ရှိတဲ့ မြေငလျင်ထပ်မံလူပ်ခတ်ခဲ့ပါတယ်။
ACM Credit To:DVB TV News
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.