0


အလှပြင် ပစ္စည်းများကြောင့် ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေ များ ခန္ဓာကိုယ် တွင်းမှာ Phthalates အမည် ရှိ ဓာတု ပစ္စည်းများ စုပုံလာ ခြင်းနှင့် အမျိုး သမီး များတွင် ဆီးချို သွေးချိုရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းတို့ ဆက်စပ်နေပါတယ်လို့ ဘရင်ဟမ် အမျိုးသမီးဆေးရုံမှ သုတေသီများက တွေ့ရှိ ခဲ့ကြပါတယ်။

Phthalates များဟာ ခန္ဓာကိုယ် တွင်းဟော်မုန်းများကို အနှောင့် အယှက်ဖြစ်စေသော ပစ္စည်းများဖြစ်ပြီး အလှအပဆိုင်ရာ ပစ္စည်းများ (အစိုဓာတ်ခံ လိမ်းဆေး (Moisturizer) ၊ လက်သည်း နီ၊ ဆပ်ပြာ၊ ဆံပင်ပုံသွင်းဖျန်းဆေး၊ ရေမွှေးစသည်) တို့တွင် ပါဝင်နေပါတယ်။

ထိုဓာတုပစ္စည်းကို ကော်၊ လျှပ်စစ် ပစ္စည်းများ၊ အရုပ်နှင့် အခြားအရာဝတ္ထုများ ထုတ်လုပ်ရာတွင် အသုံးပြုကြပါ တယ်။ ယခုတွေ့ရှိချက်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးရှုထောင့်များ ဂျာနယ်တွင် ဖော်ပြထားပါတယ်။

Aye Chan Mon# Credit To :Health Digest
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
4

Post a Comment

 
Top