ACM Re-Post 26-5-2014
အနီရောင်ဝိုင် သောက်သုံးခြင်းနှင့် ကျန်းမာရေးအတွက် ဆက်စပ်မှု ရှိမရှိ အငြင်းပွားစရာများ ရေရှည် ဖြစ်ပေါ်နေသော်လည်း နောက်ထပ်တွေ့ရှိမှုအသစ် တစ်ခုက ဝိုင်နီသည် သွားများအတွက် ကောင်းကျိုး ဖြစ်ပေးစေကြောင်း ညွှန်ပြလျှက် ရှိသည်။ နှလုံးကျန်းမာရေးအတွက် နေ့စဉ်ဝိုင်နီတစ်ခွက် ပုံမှန်သောက်သင့်ကြောင်း သုတေသီအချို့က ညွှန်းဆိုဖူးသလို ယခုတစ်ဖန် ဝိုင်နီတွင် ဘက်တီးရီးယား တိုက်ဖျက်မှု စနစ်တစ်ခု ပါဝင်ပြီး သွားများ ခိုင်ခံ့တည်မြဲရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း သုတေသီ အချို့က ထောက်ခံလာခဲ့သည်။
စပိန်အမျိုးသား သုတေသန ကောင်စီမှ ဒေါက်တာ မာရီယာ ဗစ်တိုးရီးယား မိုရီနို အာရီဘက်စ်နှင့် လုပ်ဖော်ကိုင်ဖက်များက ဝိုင်နီကို ပုံမှန်သောက်ပေးခြင်းဖြင့် သွားများတွင် အခေါင်းပေါက်များ မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း ထောက်ခံခဲ့ကြသည်။ သွား၌ အခေါင်းပေါက်များ ဖြစ်ပေါ်ခြင်း၊ သွားပိုးစားခြင်းနှင့် သွားများ ဆုံးရှုံးခြင်းတို့ကို ကမ္ဘာ့လူဦးရေ၏ (၆၀)ရာခိုင်နှုန်းမှ (၉၀)ရာခိုင်နှုန်းကြား ကြုံတွေ့နေပြီး ယင်းအတွက် အဖြေသည် အနီရောင်ဝိုင်ကို ပုံမှန်မှီဝဲ သောက်သုံးခြင်းပင် ဖြစ်ကြောင်း ဒေါက်တာ အာရီဘက်စ်က ဆိုသည်။ အစားအသောက်တွင် ပါဝင်သော ဘက်တီးရီးယားများသည် ခံတွင်းတွင် ရှိနေသည့် ဘက်တီးရီးယားများနှင့်
ပေါင်းစပ်ကာ အားကောင်းခိုင်မာသည့် အဖျက်ဘက်တီးရီးယားတစ်မျိုး ဖြစ်ပေါ်လာပြီး ယင်းက အက်ဆစ်ဓာတ်ကို ထုတ်ပေးကာ သွားများကို ပျက်စီးစေသည်။
သွားတိုက်ဆေးနှင့် အခြားသော နည်းလမ်းများဖြင့် ယင်းကို တားဆီးနိုင်သော်လည်း အကန့်အသတ်များ ရှိနေနိုင်ကြောင်း သိရသည်။ သို့သော်လည်း နေ့စဉ်ပုံမှန် ဝိုင်နီတစ်ခွက်မျှ သောက်ပေးသည့်အခါ ခံတွင်းနှင့် သွားအတွင်းရှိ အဖျက်ဘက်တီးရီးယားများ၏ အားကောင်း တိုးပွားမှုကို ဟန့်တားပေးလိုက်ကြောင်း ပညာရှင်များက ရှင်းပြခဲ့သည်။ ဝိုင်နီ အမျိုးအစားအလိုက် ယင်းသက်ရောက်မှု ကွာခြားလေ့ရှိပြီး အာနိသင် အပြည့်ဝဆုံးမှာ စပျစ်စေ့ကို ကြိတ်ထားပြီး အယ်လ်ကိုဟော ဖယ်ရှားထားသည့် ဝိုင်အမျိုးအစား ဖြစ်ကြောင်း ပညာရှင်များက ထောက်ခံထားသည်။
Aye Chan Mon Credit To:http://www.planet.com.mm/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment