0


ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ယူကရိန်း အရေးနှင့် စပ်လျဉ်း၍ ဒုတိယ အကြိမ်မြောက် ဆွေးနွေးပွဲကို ယခု သီတင်းပတ် အတွင်း ကျင်းပခဲ့ပြီး ယူကရိန်းနိုင်ငံ၌ တင်းမာမှု အခြေ

အနေများ မြင့်တက်နေခြင်း အပေါ် စိုးရိမ် ပူပန်လျက် ရှိကြောင်း ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက ယင်းဆွေးနွေးပွဲ၌ ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။

ယူကရိန်းနိုင်ငံတွင် ရုရှား လိုလားသော ခွဲထွက်ရေး သမားများက Stovyansk မြို့ကို ဧပြီ၁၂ ရက်က သိမ်းယူ ခဲ့ပြီးနောက် ၎င်းမြို့တွင် သွေးထွက် သံယိုမှု အများအပြား ဖြစ်ပေါ်ခဲ့သည့် အပြင် အကြမ်းဖက်မှုများလည်း ပိုမို မြင့်တက် လာခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော ပဋိပက္ခများကို ဘက်ပေါင်းစုံမှ ထိန်းချုပ် သွားရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် နိုင်ငံ အားလုံးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ဂုဏ်သိက္ခာကို လေးစားလိုက်နာရန် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို ဘန်ကီမွန်းက တောင်းဆို ခဲ့သည်ဟု သိရသည်။ ယူကရိန်း နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော ပဋိပက္ခများကို သံတမန်နည်းလမ်း အရသာလျှင် ဖြေရှင်း ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ ရေးရာ လက်ထောက် အတွင်း ရေးမှူးချုပ် ဂျက်ဖရီဖလတ်မန်းကို ယူကရိန်းနှင့် ရုရှားနိုင်ငံသို့ လာမည့် သီတင်းပတ်တွင် စေလွှတ် သွားမည် ဖြစ်ကြောင်း ဘန်ကီမွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့နောက် ဂျက်ဖရီသည် ယူကရိန်းနိုင်ငံ အတွင်း ဖြစ်ပွားနေသည့် တင်းမာမှု အခြေအနေ များကို လျှော့ချ နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အတွက် အဆင့်မြင့် အရာရှိများ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် တွေ့ဆုံရန် မျှော်မှန်း ထားသည်ဟု သိရသည်။

(ရိုက်တာ)

Aye Chan Mon# Credit To :မြ၀တီ
https://www.facebook.com/excellencemedia

Post a Comment

 
Top