0

အဘိုးကြီးတစ်ဦးသည် အပြစ်ဝန်ခံရန် ဘုန်းတော်ကြီးထံသို့ ရောက်ရှိလာသည်။
''ဖာသာ တပည့်တော် အပြစ်ဝန်ခံပါရစေ''
'' ဘယ်လိုအပြစ်တွေကျူးလွန်မိလို့ပါလိမ့် သားတော်''
''ဒီလိုပါဖာသာ၊ ၈၈ အရေးအခင်းကာလအတွင်းက အမျိုးသမီးတစ်ဦးဟာ တပည့်တော်
အခန်းတံခါးကိုခေါက်ပြီး သူ့ကို စစ်သားတွေရှာမတွေ့အောင် ဖွက်ပေးထားဖို့ပြောတာနဲ့ အဲဒီအမျိုးသမီးကို အခန်းထဲဝှက်ပြီးကယ်တင်မိခဲ့လိုပါ ဖာသာ''
'' အိုလေ လူ့အသက်ကယ်တင်တာ ကောင်းမှုကုသိုလ်ပဲ သားတော်ရဲ့။ အပြစ်မဟုတ်ဘူးလေ''
'' ဒါပေမယ့် ဖာသာ။ တပည့်တော်က အဲဒီအမျိုးသမီးကို
ဖွက်ထားပေးတဲ့အဖိုးအခအဖြစ် တပည့်တော်နဲ့ အတူအိပ်ဖို့ တောင်းဆိုခဲ့မိလို့ပါ''
''ဒါကလည်း အမျိုးသမီးကို ဖွက်ထားပေးတဲ့အကြောင်း သိသွားခဲ့ရင်
သားတော်ပါရောပြီး အသတ်ခံရမှာဆိုတော့ ဒီလောက် တောင်းဆိုရုံနဲ့
အပြစ်မဖြစ်ပါဘူးသားတော်''
ဤတွင်မှ အဖိုးကြီးက ဆက်ပြောလိုက်သည်။
''ဒါဆို ဖာသာ သားတော်အခန်းထဲမှာဖွက်ထားတဲ့အမျိုးသမီးကို ၈၈
အရေးအခင်းကြီး ပြီးသွားပြီဆိုတာ ပြောလို့ရပြီလားဖာသာ''

ရဲစတိုင်း

Aye Chan Mon# Credit To :The Myanma Age
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top