0


No.370 Tuesday, May 6,2014
Author: အိဖြူမွန် ဇေနွေထွန်း
Location: ရန်ကုန်

တိုင်းဒေသကြီး ခြောက် ခုနှင့် ပြည်နယ် နှစ်ခုရှိ မြို့နယ်အ ချို့တွင် ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

သောက်သုံးရေရှားပါးမှုပြ ဿနာကို ကြုံတွေ့နေရသော ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ တိုင်းဒေသကြီး ခြောက်ခုနှင့် ချင်း၊ရခိုင်ပြည်နယ်တို့အတွင်းရှိ ဒေသအချို့ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဒလ၊ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ကျေးရွာများ၊ ပင်လယ်ကမ်းရိုး တန်းဒေသဖြစ်သည့် သုံးခွမြို့နယ် အနီးကျေးရွာအချို့၊ မန္တလေး တိုင်းအတွင်းရှိ ကျောက်ပန်း တောင်း၊ ညောင်ဦး၊ ပဲခူးတိုင်း တွင်းရှိ ကျေးရွာအချို့တွင် ရေ ရှားပါးမှုကြုံတွေ့နေသည်။ ထို့အ ပြင် မကွေးတိုင်းအတွင်းရှိ ပခုက္ကူ၊မြိုင်၊ ရေနံချောင်း၊ မြင်ကွန်းတိုင် ရပ်၊ သံဘို၊ ရွာသစ်၊ ရွာမ၊ အင်း နက်ကုန်းစသည့် ကျေးလက် ဒေသများတွင် နေထိုင်သော လူ ဦးရေ သိန်းဂဏန်းဝန်းကျင်ခန့် ရေရှားပါးမှုပြဿနာကြုံတွေ့နေ ကြောင်း သတင်းရရှိသည်။

‘‘အကူအညီတောင်းတဲ့ စာ တွေက တစ်နှစ်လုံးရောက်နေ တာ။ လာကြတာတော့ ဒေသစုံက အဖွဲ့တွေ အများကြီးပဲ။ တစ်လ တစ်ခါအစည်းအဝေးလုပ်ပြီး အလှည့်ကျသွားတာပေါ့နော်။ ကူ ညီတာတော့ တစ်နှစ်ပတ်လုံး တူးပေးနေတာပဲ။ ရန်ကုန်တိုင်း ထဲက ဒလ၊ သုံးခွတို့လို ရေငန် ထွက်တဲ့နေရာကျတော့ ရေ ဘောက်ဆာကားတွေနဲ့ သွားလှူ တာပေါ့’’ဟု ရေအကူအညီပေး နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)(စီမံ) ဌာနအုပ်ချုပ်ရေး မှူး ဒေါ်ဧရာမောင်မောင်ကပြော သည်။

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့တွင် ရေကန်များ ခန်း ခြောက်ခြင်း၊ ရေတွင်းနှင့် တောင် ပေါ်ဒေသ စမ်းချောင်းများ ခန်းခြောက်ခြင်းကြောင့် ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

‘‘နွေနေပူတော့ ရေငွေ့ပြန် နှုန်းတွေက မြင့်လာတယ်။ မိုးရေ ကန်တွေ ခန်းကုန်ပြီလို့တော့ ပြောတယ်’’ဟု အထက်ပါပုဂ္ဂိုလ် ကဆိုသည်။

ရခိုင်ပြည်နယ်တွင် ရသေ့ တောင်၊မြေပုံ၊ စစ်တွေ၊ ကျောက် ဖြူမြို့နယ်များရှိ ကျေးရွာသောက် သုံးရေကန်များ ရေခန်းလာသဖြင့် နောက်ကျိသော ရေများကို ကျောက်ချဉ်များထည့်ကာ သုံးနေ ရကြောင်း လူမှုလှုပ်ရှားမှုတွင် ပါ ၀င်သူ ဦးကိုကိုမောင်က ပြော သည်။

ချင်းပြည်နယ်တွင် ရေရှားပါးမှုပြဿနာကို မြို့နယ်တိုင်းကြုံ တွေ့နေရသော်လည်း ဟားခါးမြို့ နယ်အတွင်းရှိ တက်ဖူးကျေးရွာ မှာ စိမ့်စမ်းရေများခန်းလာ၍ ဒေသခံများက စိမ့်စမ်းရေထွက်ရှိ သည့် ဝေးလံသော အရပ်ဒေသမှ တစ်ဆင့် ရေကို ခပ်ယူသုံးစွဲနေရ ကြောင်း ဟားခါးမြို့ခံ ခရစ်ယာန် နှစ်ချင်းအသင်းတော်မှ လူမှုလှုပ် ရှားသူ ဦးဂျိမ်းစ်ငွန်ဟရဲကပြော သည်။

‘‘ရာသီဥတုက ပူပြင်းလာ တယ်။ အရင်က ရေရှားပေမယ့် မိုး ရေရှိတယ်။ ခုက မိုးရေပါခန်းလာ တာ။ သစ်တောပြုန်းတီးလာပြီ လေ။ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းဖို့လိုတယ်’’ဟု ဒေါ်ဧရာ မောင်မောင်ကမှတ်ချက်ပြုသည်။

မြင်းခြံ၊ ညောင်ဦး၊ အောင် လံ၊ မကွေး၊ ရေနံချောင်းစသည့် မြို့နယ်များတွင် ပူပြင်းခြောက် သွေ့လျက်ရှိကြောင်း အဆိုပါ ဒေသတောင်သူများကဆိုသည်။

မကွေးမြို့နယ် သံဘိုကျေး ရွာတွင် အိမ်ခြေ ၁၇၀ ကျော်ရှိ ပြီး လူဦးရေ ၁၅၀၀ ကျော်သည် နှစ်ပေါင်း သုံးဆယ်ခန့်ကတည်းက အသုံးပြုလာသော စက်ရေတွင်းဟောင်းမှာ မကြာခဏပျက်နေ၍ ရေအရေးပေါ်လိုအပ်နေသဖြင့် ရန်ကုန်မြို့တက်၍ နာရေးကူညီ မှုအသင်း(ရန်ကုန်)ထံ ရေအကူ အညီလာရောက်တောင်းခံခြင်း ဖြစ်ကြောင်း၊ ရေတွင်းတူးရန် ရေ အလှူလာခံသူ သံဘိုကျေးရွာနေ ဦးခင်ဝင်းကဆိုသည်။

‘‘ခုဒေသက ဆီနဲ့ရေ လဲ သောက်နေရတယ်။ ဒီဇယ်ဖိုး၊ အင်ဂျင်ဝိုင်ဖိုးက ရေမောင်းတင်ရ တာ တော်တော်ကုန်တယ်။ စက် ကလည်း ခဏခဏပျက်နေ တယ်။ နောက်တစ်တွင်းတူးမှ ရမယ်’’ဟု ၎င်းကရှင်းပြသည်။

စက်ရေတွင်းပျက်လျှင် နွား လှည်းဖြင့် နှစ်မိုင်ခန့်ဝေးသော မြင်ကွန်းမြို့ပေါ်ရှိ ဧရာဝတီမြစ် တွင် ရေသွားခပ်ရကြောင်း ဂါလန် ၅၀ ဆံ့ ရေတစ်စည် လျှင် ငွေကျပ် ၈၀၀ ခန့်ဖြင့် ရေ ၀ယ်သုံးရကြောင်း သတင်းရရှိ သည်။

မကွေးမြို့နယ်၊ ညောင်ကန် တိုက်နယ်၊ ကြာကန်ကျေးရွာအုပ် စု၊ ညောင်ပင်သာကျေးရွာတွင် နေထိုင်သော တောင်သူမိသားစု အိမ်ခြေ ၃၇၂ အိမ်၊ လူဦးရေ ၁၃၈၇ ဦး၊ မွေးမြူထားသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ တိရစ္ဆာန်များပါ သောက်သုံးရေအခက်အခဲဖြစ် နေသဖြင့် စက်ရေတွင်းတူးဖော် ရန်လိုနေကြောင်း မြို့တက်၍ ရေအကူအညီတောင်းခံသူ ရွာ သား ဦးဘိုနုကလည်း ရှင်းပြ သည်။

မန္တလေးတိုင်း၊ ညောင်ဦး မြို့နယ်တစ်ဝိုက်ရှိကျေးရွာ ၁၅ ရွာခန့်တွင်လည်း ရေရှားပါးမှုကြုံ တွေ့နေရပြီး စေတနာရှင်ရေလှူ ဒါန်းမှုများ မရောက်ရှိသေး ကြောင်း ပုပ္ပားတောင်ချစ်သူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်ပန်းတောင်းမြို့ နယ်တွင်လည်း ကျေးရွာပေါင်း ၃၆၀ ကျော်ရှိပြီး ရွာ ၇၀ ခန့်တွင် သန့်ရှင်းသော သောက်သုံးရေ လိုအပ်ချက် နေ့စဉ် မြင့်မားနေ သည်။

‘‘စည်ပင်က အလှည့်ကျ စနစ်နဲ့ ရွာတွေမှာ တူးပေးနေတာ။ တစ်နှစ်မှာ သုံးတွင်း၊ လေးတွင်း လောက်တူးနိုင်တာ။ မရှိတဲ့နေရာ ဆိုလည်း သောက်ရေကို တစ်လ နေမှ တစ်စီးလှူနိုင်တာ။ ဒီမှာက နိစ္စဓူဝ ရေကလိုနေတာ’’ ဟု ကျောက်ပန်းတောင်းမြို့ခံတစ်ဦး ကဆိုသည်။

ဧပြီလကုန်ရင် ရေရရှိရန် ငါးမိုင်ခန့်ထိ သွားရကြောင်း၊ နွား လှည်း၊ ထော်လာဂျီများဖြင့် ရေ သယ်ဆောင်၍ ရွာများတွင် ရေတစ်ထမ်း ၂၀၀ ကျော်ဖြင့် ပြန် လည်ရောင်းချရကြောင်း သတင်း ရရှိသည်။

ကျောက်ပန်းတောင်းမြို့ နယ်အတွင်းရှိ ကျေးရွာနေသူများ ၏ တစ်နေ့ဝင်ငွေသည် ကျပ် ၁၅၀၀ ခန့်သာရှိပြီး နေ့စဉ် ရေအ တွက် အိမ်ထောင်စုတစ်ခုလျှင် အနိမ့်ဆုံးငွေကျပ် ၄၀၀ခန့်သုံးစွဲ နေရသည်ဟု ဒေသခံများကဆို သည်။

ယခုနှစ် မိုးဦးကာလတွင် မုတ်သုံအ၀င် နောက်ကျမည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားသည်။ မုတ်သုံအ၀င် နောက်ကျခဲ့ပါက ဒေသအများစုတွင် ရေပြဿနာ ပိုမိုကြုံတွေ့ရဖွယ်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းမှ မိသားစုတစ်စု အသုံးပြုသော ရေကိုမေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ−ခင်မောင်ဝင်း/အေပီ)

Aye Chan Mon# Credit To : http://7daydaily.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top