0

ACM Re-Post 25-5-2014
Written by: အောင်သူ

လက်ပံတောင်းတောင်ဒေသခံများက တောင်ကြီးရှင်ဘကြီးအား တိုက်တည်ကာ ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီအား ကျိန်စာတိုက်ပွဲကို မေ ၂၄ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျိန်စာတိုက်ပွဲကို ဆည်တည်းကျေးရွာဟောင်း၏မြောက်ဘက် လက်ပံတောင်းတောင်ခြေအနီးတွင် နံနက် ၉ နာရီကျော်က စင်တင်ပြုလုပ်ခဲ့ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးဝန်းကျင်ရှိ ဆည်တည်း၊ ဇီးတော၊ အလယ်ရွာ၊ တုံ၊ အလယ်တော၊ မိုးကြိုပြင် စသည့်ကျေးရွာများမှ ဒေသခံ ၇ဝ ကျော်မှ ကန်တော့ပွဲထိုး တိုင်တည်ကာ ကျိန်စာတိုက်ဆုတောင်မှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒီဒေသတွေရဲ့ လျော်ကြေးမယူသေးတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုးခတ် မတရားသိမ်းယူတာတွေ၊ ဒေသခံတောင်သူတွေကို အကြမ်းဖက်တာတွေ၊ တရားစွဲဆို ထောင်ချတာတွေ၊ လယ်တီသိမ်ကို တစ်စစီဖြိုဖျက်ပစ်တာတွေကို ဥပဒေအရ ကာကွယ်မှုမရရှိတဲ့အတွက် ဒေသခံတွေ ယုံကြည်ကိုးကွယ်မှုပြုရတဲ့ တောင်ကြီးရှင်ဘကြီးကို တိုင်တည်ပြီး ကျိန်စာတိုက်ဆုတောင်းမှု ပြုလုပ်ရတာဖြစ်ပါတယ်”ဟု ဆည်တည်းကျေးရွာမှ မဝင်းဝင်းဌေးက ဆိုသည်။

“အခု ကိုယ့်ဒေသမှာဖြစ်နေတဲ့ အခက်အခဲတွေကို ဘယ်သူမှ လာရောက်ကူညီဖြေရှင်းဆောင်ရွက်ပေးမယ့်သူ မရှိတော့လို့ တောင်ကြီးရှင်ဘကြီးကို တိုင်တည်ဆုတောင်းမှု ပြုလုပ်ရတာပါ”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ကျိန်စာတိုက်ပွဲတွင် “ဒို့လယ်မြေနှင့် ဒို့တောင်တန်းတွေကို ဖျက်ဆီးသည့် ဦးပိုင် နှင့် ဝမ်ပေါင်ကုမ္ပဏီ ကျဆုံးရမည်”၊ ]ပြည်သူကို အကာအကွယ်မပေးဘဲ ဒုက္ခပေးခြိမ်းခြောက်သည့် တရုတ်အလိုတော်ရိ ရဲတွေ ကျဆုံးရမည်”၊ “လယ်တီသိမ်နှင့် စေတီကို ဖျက်ရန်ကူညီပေးသောသူအားလုံး ကျဆုံးရမည်”၊ “လယ်တီသိမ်နှင့် လက်ပံတောင်းတောင်ကို ဖျက်ဆီးခဲ့သည့် ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီ လောင်မီးကျစေရမည်”စသည့် အကြောင်းအရာများကို မေတ္တာပို့ဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီး ဦးပိုင်ကုမ္ပဏီနှင့် ဝမ်ပေါင်ကုမ္ပဏီ၊ လုပ်ငန်းဖော်ဆောင်ရေးကော်မတီစာတန်းပါ အခေါင်းနှစ်ခုအား မီးရှို့မှုများပြုလုပ်ခဲ့ကာ “ဒေသခံတွေရဲ့လယ်ယာမြေတွေကို အတင်းအဓမ္မ သိမ်းဆည်းနေသော ဦးပိုင် နှင့်ဝမ်ပေါင်ကုမ္ပဏီ ကျဆုံးပြီ”၊ “ကတိမတည်တဲ့ လုပ်ငန်းဖော်ဆောင်ရေးကော်မတီ ကျဆုံးပြီ” စသည့်အကြောင်းအရာများကို ဒေသခံများမှ စုပေါင်းကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

မေ ၂၄ ရက်က လက်ပံတောင်းတောင်ဒေသခံများ ကျိန်စာတိုက် ဆုတောင်းပွဲပြုလုပ်နေကြစဉ်

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top