0

Published on: May 23, 2014
Written by: ထက်ရှိုင်း၊ နှင်းဝေဝေနွယ်

ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း မေ ၂၂ ရက်နေ့က ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာပရိသတ်များနှင့် တွေ့ဆုံခြင်းအခမ်းအနားတွင် ဝူခုန်းမင်းသား Mr.Liu Xiao Ling Tong က ပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုကောင်စစ်ဝန်၊ အာဆီယံ တရုတ်စင်တာ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်- မြန်မာ ချစ်ကြည်ရေးဥက္ကဌ တို့နှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

“ကျွန်တော် ငယ်စဉ်ကတည်းက တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံကို ပထမဆုံး သိရှိခဲ့တာပါ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ Journey To The West နံပါတ်သုံးကိုလည်း မြန်မာနိုင်ငံမှာ လာရိုက်ချင်ပါတယ်”ဟု မင်းသား Mr.Liu Xiao Ling Tong က ပြောကြားသည်။ မေ ၂၁ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် မင်းသား စွန်းဝူခုန်းသည် ယင်းပွဲတွင် ပရိသတ်များနှင့်အတူတကွ တွဲဖက်သရုပ်ဆောင်ခြင်း၊ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ တွဲဖက်သီချင်းဆိုခြင်းများအပြင် မျောက်မင်းဝူခုန်း၏ ပုံသဏ္ဌာန်အတိုင်း သရုပ်ဆောင် တင်ဆက်ခဲ့သည်။

ထို့ပြင် သန်လျင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာရှိ ဆုတောင်းပြည့် တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့လည်း အလှူငွေကျပ် ၁ဝ သိန်း လှူဒါန်းပေးအပ်ခဲ့သည်။

Journey To The West ဇာတ်ကားကို ၁၉၈၆ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပတွင် အကြိမ်ရေ ၃ဝဝဝ ကျော် ပြန်လည်ထုတ်လွှင့်ပြသခဲ့ရာ ကမ္ဘာ့အကြိမ်ရေအများဆုံးပြသမှု စံချိန်ချိုးနိုင်ခဲ့သည်။ Journey To The West သည် တရုတ်နိုင်ငံ၏ နာမည်ကြီး ဝတ္ထုရှည်လေးခု ထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။

မင်းသား Mr.Liu Xiao Ling Tong မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ရန်ကုန်မြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်ကာ အစိုးရတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မန္တလေးမြို့သို့သွားရောက်ကာ ပရိသတ်များနှင့် တွေ့ဆုံခြင်းအပြင် ပုဂံသို့လည်း ဘုရားဖူးသွားရောက်မည်ဖြစ်ကြောင်း သိရသည်

မင်းသား Mr.Liu Xiao Ling Tong က ပရိသတ်များအား မျောက်မင်း စွန်းဝူခုန်းပုံစံ သရုပ်ပြနေစဉ်

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top