အောင်သူ (ဒေးဒရဲ) ၊ ရန်ကုန်၊ACM Re-Post 30-5-2014
အစိုးရမှအခွန်နှုန်းထားများ လျှော့ချပေးထားသော်လည်း မိုးရာသီ အိမ်ခြံမြေအရောင်းအဝယ်အေးစက် နေကြောင်း အိမ်ခြံမြေအသိုင်းအဝိုင်း ထံမှသိရသည်။
ဝါရင့်အိမ်ခြံမြေအကျိုးဆောင် ကိုဟိန်းက ''ပုံမှန်ဆိုရင် ဝါတွင်းကာလ နီးလာတဲ့အချိန်တွေဆိုရင် အငှားတွေ က သွက်လေ့ရှိတယ်။ အခုနှစ်က အ ခွန်တွေကတော့ လျော့တယ်ဆိုတာ ကတော့ ဟုတ်ပါတယ်။ ဈေးတွေက တိုက်ခန်းပဲဖြစ်ဖြစ်၊ ကွန်ဒိုပဲဖြစ်ဖြစ် ဈေးတွေကတက်လာတဲ့အတွက်ကြောင့် အခုလို ဈေးကွက်အေးနေတာ''ဟု ပြောသည်။
မြို့တွင်းတိုက်ခန်းကွန်ဒိုဈေး
ကိုဟိန်းက ''မြို့တွင်းမှာဈေးတွေ တက်လာတော့ မြောက်ဒဂုံလိုနေရာ တွေ၊ မြောက်ဥက္ကလာလိုနေရာတွေ အခန်းလေးတွေဆီကိုလှည့်ငှားလာကြ တယ်။ စပေါ်ငွေပေးပြီး ငှားလို့ရတဲ့ နေရာတွေမှာ ငှားနေတာများတယ်''ဟုပြောသည်။
ယင်းမြို့နယ်များသို့ အိမ်ငှားနေ ထိုင်မှုများပြားလာသော်လည်း မြေ ကွက်အရောင်းအဝယ်များမှာ ပုံမှန်အ နေအထားသာရှိကြောင်း သိရသည်။
မြောက်ဥက္ကလာအဝိုင်းတွင် အိမ် ငှားနေထိုင်သူကို ကျောက်ခဲက ''အ ခန်းကတော့ အကျယ်တော့မဟုတ် ဘူး။ ကျွန်တော်တို့မိသားစုငါးဦးတော့
လက်ရှိ ရန်ကုန်မြို့တွင်းတိုက် ခန်း၊ ကွန်ဒိုငှားရမ်းခဈေးများသည် ကျပ်တစ်သိန်းခွဲမှ ၁၅ သိန်းဝန်းကျင် အထိဈေးများပေါက်နေပြီး မြေကွက် ဈေးများသည် တစ်ပေပတ်လည်လျှင် ကျပ်သုံးသိန်းမှ ၁ဝ သိန်းအထက်အ ထိ ဈေးများပေါက်နေကြောင်းသိရ သည်။
------------------------------
Yangon Times Journal | အတွဲ ၁၀ ၊ အမှတ် ၂၀
Aye Chan Mon Credit To: Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment