0

ACM Re-Post 29-5-2014

ပေါသမဂ္ဂရွာသူကြီးတစ်ယောက် အခုတလော စိတ် မလုံမလဲ
ဖြစ်နေသည်။လမ်းထွက်လိုက်သည်နှင့် လူအများက “ဆင်း….ဆပ်၊ ဆင်း….ဆပ်” နှင့်ပြောနေသံတွေကို မကြာခဏ ကြားနေရသည်။

ရာထူးက မဆင်းချင်သူမို့ “ဆင်း”ဆိုသည်ကို နားဝမှာ မကြားချင်။ တယ်လီဖုန်း ဆင်းကဒ်တွေကိုတောင်အမိန့်အာဏာဖြင့်ပြောင်းလို့
ရလျှင် မည်သူမျှ “ဆင်းကဒ်”ဟုမခေါ်ရပဲ“ဖုန်းကဒ်” ဟုသာ ခေါ်ဆိုရမည်ဟုအမိန့်ထုတ်လိုက်ချင်သည်။

အခု“ဆင်း..ဆပ်”ကိစ္စကို သူ့တပည့်ကျော် ဆယ်အိမ်ခေါင်း ဖိုးရှုပ်ကို
မေးကြည့်ဦးမည်ဟု တွေးမိသည်။

“ဟေ့ကောင် ဖိုးရှုပ် ၊ ငါ့ကို ရာထူးကဆင်းပြီး အကြွေးတွေ ဆပ်ခိုင်းတာ
ဘယ်အကောင်တွေလဲကွ”
“သူကြီးကို ဘယ်သူတွေက ဘာများ ပြောနေလို့လဲ”
“ရွာသားတွေ အတော်များများက “ဆင်း….ဆပ်..၊ဆင်း….ဆပ်”
ဆိုပြီး ပြောနေကြတယ်လေ”

“သြော်….ဒါလား၊ ဆင်း …ဆပ်” ဆိုတာ သန်းခေါင်စာရင်း ကောက်နေတာပါသူကြီးရဲ့၊သိပ်လည်းကြောက်မနေပါနဲ့”
“ဟေ…ဂလိုလား၊ သိပါဘူး၊ ဟီး….ငါ့ကို ရာထူးကဆင်းခိုင်းပြီး
အကြွေးတွေဆပ်ခိုင်းနေတယ်မှတ်လို့”ထိုစဉ် သန်းခေါင်စာရင်း ကောက်ယူသည့်အဖွဲ့မှာ ရွာထဲရောက်လာသည်။

သူကြီးနှင့်အရင်ဆုံးတွေ့လိုက်သည်။
“ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်းကို လိုက်ကောက်ယူနေတာပါ”
“ဟိုက်။ ဒုက္ခပဲ၊ အားနာစရာတော့ ကောင်းနေပြီ”

“ဘာဖြစ်လို့ အားနာရတာတုန်းသူကြီးရဲ့”

“’ဒီလောက်အဝေးကြီးက တကူးတကလာမေးကြရတာ၊ ငါလည်း ဒီတစ်နိုင်ငံလုံးမပြောနဲ့၊
ငါ့ရွာမှာတောင် လူဦးရေဘယ်လောက်ရှိမှန်း အတိအကျမသိတာလေ၊ မောင်ရင်တို့ကိုဘယ်လိုပြောနိုင်မှာတဲ့လဲ”

ရဲစတိုင်း

Aye Chan Mon Credit To: The Myanma Age
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top