0

ACM Re-Post 25-5-2014

ရန်ကုန်-နေပြည်တော် အမြန်လမ်းစတင်ဖွင့်လှစ်ပြီးသည့်အချိန်မှ ယနေ့ထိ ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးသူ ၃၈ဝ နီးပါးရှိခဲ့ပြီ။ ဤသို့အဖြစ်များလာသည်နှင့်အမျှ ခရီးသွားပြည်သူတို့၏ စိုးရိမ်ပူပန်မှု ဒီရေ ကလည်း တရိပ်ရိပ်တိုးလားခဲ့သည်။ ခရီးဟူသည် အကြောင်းတရားမျိုးစုံကြောင့် သွားလာကြရခြင်းဖြစ်ရာ မည်သူမဆို စိတ်ချ လုံခြုံ စွာလိုရာအရပ်သို့ ဘေးမသီရန်မခ ရောက်လိုကြစမြဲ။ မမြင်ရသောကံတရားအရ ကျိန်းသေဆုံးဖြတ် နိုင်စွမ်းမရှိစေကာမူ လူတို့ကြိုးစားစွမ်းဆောင်နိုင်သော အားသာ ချက် တို့ဖြင့်လည်းတတ်အားသမျှ ကာကွယ်နိုင်ရေးလုပ်ဆောင်သင့်သည်က အမှန်။ လူကြောင့် ဖြစ်ချင်ဖြစ်မည်။ လမ်းကြောင့် ဖြစ်ချင်ဖြစ်မည်။ ထို့အတူ ကားကြောင့် လည်း ဖြစ်ချင်ဖြစ်နိုင်ပါသည်။ အကယ်၍ထိုသို့ကြိုတင်တွေးနိုင်ခြင်းသည်ပင် အကြီးမားဆုံးအားသာချက်ဖြစ်ရာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင် ပညာရှင် အချို့ အား မေးမြန်းဖော်ပြပေးလိုက်ရပါသည်။

ဦးသက်ဝင်း
(မော်တော်ယာဉ် နည်းပညာ အရပ်ရပ်အား လေ့လာသုံးသပ်နေသူ)

ကွန်ကရစ်လမ်းကို အထူးလမ်း အနေနဲ့ လုပ်တာဟာ ကောင်းတော့ ကောင်းတယ်။ အမှား များတယ်၊ နောက်တစ်ခုက အမြန်လမ်း မပီသတာ က နှစ်လမ်း သွားဖြစ်နေ တယ်။ နံပါတ် တစ် အမြန်လမ်းက ဘယ်မှာ သွားတွေ့ လဲဆိုတော့ မြန်အောင်-ကြံခင်း-ဆင်ဲ၊ အဲဒါ အမြန်လမ်း အဆင့်ပဲ။ အဲဒါ လည်းပြည်ပအကူအညီအရပဲ။ ကတ္တရာ နဲ့ လုပ်ထားပေမယ့်အပေါ်မှာ ကျောက် တွေကို ကြမ်းထားတယ်။ မချောမွေ့ဘူး။ အဲဒီအတွက် တာယာနဲ့ တည့်တယ်။ တာယာတွေ စားတယ်။ ဒါပေမဲ့ မကွဲ ဘူး။

ဒီကွန်ကရစ်လမ်းကြီးက ထုံးကို အဓိကထားတယ်” ကယ်လ်ဆီယမ် ကာ ဗွန်နိတ်ပေါ့။ ကွန်ကရစ်လမ်းဟာ အင်ဂျင်နီယာဒီဇိုင်းအရ သုံးမိုင်လောက် က ဖြောင့်ဖြောင့်မောင်း လို့ မရဘူး။ ဒီ ကားလမ်းဟာ ဗျူဟာအရ မြန်လေ ကောင်းလေပဲ၊ ဒါပေမဲ့ ခရီးသည် တင်ကားက မမြန်ရဘူး။ ကားတစ်စီးဟာ မြန်လာတယ်။ လမ်းက ကွေ့လေးတွေ များ လာတယ်။ အဲဒါတွေက ယာဉ်မောင်းကို အလုပ်ပေးသလိုဖြစ်တယ်။ အိပ်မငိုက်ဘူး။ အခုအမြန်လမ်းပေါ်မှာ မှောက်တာတွေကိုကြည့်ရင် ကားတွေ ကောင်းတဲ့ပြ­
နာလည်း ပါတယ်။

ကားရော၊ လူတွေကောင်းတယ်။ လမ်းမကောင်းတဲ့အတွက် မှောက်မယ်၊ လမ်းတစ်လျှောက်ရှိတဲ့ လမ်းအသုံးပြု သင်္ကေတတွေက စနစ်မကျဘူး။ လမ်း ဘေး ဝဲ၊ယာမှာရှိတဲ့ ကွန်ကရစ်တုံးတွေ အနေအထားကိုလည်း ပြန်ပြီး စိစစ် စေချင်တယ်။ ကားက အရှိန်နဲ့ မှောက်တဲ့အခါ အဲဒီကွန်ကရစ်တုံးကို တိုက်ပြီးခါထွက်တဲ့ အရှိန်ကြောင့် ပိုပြင်း သွားတယ်။ကွန်ကရစ်လမ်းက ရန်ကုန်မှာ ကောင်းတယ်။ နေပြည်တော် အမြန် လမ်းကို ကတ္တရာလမ်းခင်းဖို့ ပြည်ပအဖွဲ့ အစည်းတွေနဲ့ ဆောင်ရွက်နေကြပေမယ့် ဖွဲ့စည်းပုံ မဆွဲရသေးတဲ့အတွက် ကတ္တရာလမ်း ပြင်ခွင့်မရှိသေးဘူးလို့ သိရတယ်။လမ်းမှာလည်း နားစရာဆိုလို့ တစ်ခုပဲရှိတဲ့အတွက် အဲဒီအနားပြီးတာ နဲ့ ချက်ချင်းထွက်၊ နောက်နေ့ ဆက်မောင်းဆိုတော့ အဲဒါတွေက ယာဉ် မောင်းတွေကို ပိုပင်ပန်းစေတယ်။ လမ်းတစ်လျှောက် အနားစခန်းတွေ များများပေါ်လာရမယ်၊ လုပ်ပေးရမယ်၊ ဒီဇိုင်း ပြောင်းပေး ရ မယ်။ မနားချင်ရင် နားချင်လာအောင် ဆွဲဆောင်ရမယ်။ အဲဒါဆိုရင် တာယာလည်း သက်သာ မယ်၊ အဓိကတော့ တာယာလည်း ပူ လာမယ်။ လူက လည်းတောက်ေ လျှာ က် မောင်းနေရတော့ အိပ်ငိုက်တာတို့ ဖြစ် လာမယ်။ ဒါကြောင့် နားနေစခန်းတွေရှိ ထားဖို့လိုတယ်။အခု အမြန်လမ်းပေါ်မှာ ဖြစ်တာ ကို ခြုံကြည့်ရင် လမ်းမကောင်းတာရော၊ ယာဉ်မောင်း အားနည်းချက်ဖြစ်ရင် လည်း ဖြစ်မယ်။ လမ်းအသုံးပြု သင်္ကေ တတွေကြောင့် ဖြစ်ရင်လည်းဖြစ်မယ်။ နှစ်လမ်းသွားဖြစ်လိုက်၊ သုံးလမ်းသွား ဖြစ်လိုက်နဲ့ အဲ ဒါတွေနဲ့ ပေါင်းမိတော့ ယာဉ်တိမ်းမှောက်မှု ပိုဖြစ်တယ်လို့ ပြော လို့ရတယ်။

ဦးမျိုးမြင့်
(မန်နေးဂျင်းဒါရိုက်တာ)
ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်

အစ်ကိုက ရွှေမန်းသူအဝေးပြေး ကားတွေနဲ့ ဆိုင်တာပါ။ အစ်ကိုတို့က အမြန်လမ်း စဖွင့်ကတည်းက ကားတွေ ဆွဲတာပေါ့။ ကားတွေစဆွဲကတည်းက ကားသစ်တွေနဲ့ ပဲဆွဲ တာ။ ကားသစ်တွေကျ တော့ကားတွေက ကောင်းတော့ အရမ်း မောင်းချင်ကြတယ်။ အဲ့ဒီက တည်းက ယာဉ်မောင်းတွေကို ဆောင် ပုဒ်လေး တစ်ခု ပေးထားတယ်။

”ကားကောင်းတိုင်း တအားမမောင်းနဲ့” ဆိုပြီးတော့ပေါ့။ အမြန်လမ်းဆိုတာ လည်းမြန်မာနိုင်ငံက လမ်းတွေထဲမှာ အကောင်းဆုံးပဲလေ၊ အဲဒီအတွက်ကလည်း ”လမ်းေ ကာင်းတိုင်းအရမ်းမမောင်းကြနဲ့”ပေါ့။ ကိုယ်နိုင် တဲ့အရှိန်နဲ့ပဲ မောင်းသင့်ပါတယ်။အခု ဖြစ်ခဲ့တဲ့ ရာဇာမင်းယာဉ်မှောက်တာ ကလည်း ကားလေးကိုကျော်ရင်း အ ရှိန်လွန် လို့ ဖြစ်သွားတာလေ။ ဒါကြောင့် အစ်ကိုတို့ ရွှေမန်းသူက ယာဉ်မောင်းတွေကိုလည်း ပြောထားတယ်။ကားတစ်စီးကို ကျော်မယ်ဆိုရင် မနက်ပိုင်းဆို ဟွန်းတီးပါ။ ညဘက်ကို မီးကြီးထိုးပြီး မီးထိုးပြီး လမ်းတောင်းပါလို့။ အဲဒီလို လုပ်လို့ တစ်ဖက်ကားက ကျော်တက်ခိုင်း လို့ အချက်ပြတာဖြစ်ဖြစ် လမ်းပေးတာ ဖြစ်ဖြစ် အဲဒီလိုကျမှ ကားကျော် တက်ပါလို့ ပြောထားတယ်။ ကိုယ်ကရှေ့ မှာရောက်နေရင်လည်း ရှေ့မှာလမ်း ကျဉ်းရှိတယ်။ ဒါမှမဟုတ် ကားတစ်စီးရှိ မယ်ဆိုရင် ကျော်မတက်အောင် အချက် ပြပေး ပါ။ ကျော်တက်လို့ရပြီဆိုမှ ကျော် တက်လို့ရတဲ့ အချက်ပြပေးပါ။ ပြီးရင်အ ရှိန်လည်း လျှော့ပေးပါ။ ဘာလို့လဲဆို တော့ ကိုယ့်ကားကို ကျော်တက်မယ်ဆို ရင် ကိုယ့် ထက် များ တဲ့အရှိန်နဲ့ ကျော်မှရ မှာလေ။ ပြီးရင်လမ်းကောင်းလည်း ကားကောင်းဖို့ လိုတယ်။ ကားတွေရဲ့ အန္တရာယ်ဖြစ်တဲ့ ဘီးပေါက်တယ်။ တိုင်း ရော့ ပြုတ်မယ်။

ကားစတီယာတိုင် တစ် ခုခုချို့ယွင်းမယ်။ ဒါတွေကိုလည်း ထိန်း တတ်ဖို့လိုတယ်။ အထူးသဖြင့် ကိုယ်နိုင် တဲ့ အရှိန်နဲ့မောင်းဖို့ပဲ လိုတယ်။ မတော် တဆမှုဖြစ်ပြီဆိုရင် ကားကြောင့်ရယ်၊ လမ်းကြောင့်ရယ်၊ လူကြောင့်ရယ်၊ ရာသီဥတုကြောင့်ရယ်နဲ့ လမ်းအသုံးပြု သူကြောင့် ဖြစ်တတ်တာပါ။ အဲဒီထဲမှာ အဓိကအကျဆုံးကတော့ ယာဉ်ေ မာင်း ပေါ့။ ကိုယ့်ကားကောင်းလို့ မောင်းတာ ဖြစ်ဖြစ်၊ လမ်းကောင်းလို့ မောင်းတာ ဖြစ်ဖြစ်၊ ခုနကပြောတဲ့ အချက်တွေကို သတိထားသင့်တယ်။

ကိုဆွေပိုင်ဦး
(ကားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ)

အစ်ကိုအများဆုံးကြုံရတာတော့ ကားကြီးမောင်းတဲ့လူတွေပါပဲ။ သူတို့ကသတ်မှတ်ထားတဲ့အရှိန်ထက်ကို ကျော်ပြီးမောင်းတယ်။ ကားကြီးမောင်း ပြီး ကားလေးတွေကို ကပ်ကျော်တယ်။ အဲဒီမှာ ကားကြီးကတိုးလာတဲ့ လေအ ရှိန်နဲ့ ကားလေးက အောက်ဘက်ကို ပါ သွားတတ်တယ်။ သတိမကောင်းတဲ့ ကားသမားတစ်ယောက်ဆိုရင် ဒီလို အချိန်မျိုးမှာ အန္တရာယ်ဖြစ်တတ်ပါတယ်။ ကားကြီးက ကိုယ့်ဘေးက ဖြတ်ရင် သူတို့က လေကို ဖြိုခွင်းသွားတာလေ။ အဲဒီလေက ကိုယ်တို့ကားလေးတွေ ဘက်ကို တိုးပြီးဆွဲ သွားတတ်တယ်။ ပြီး တော့ တချို့ကားတွေက လမ်းအလယ် စည်းက မောင်းကြတယ်။ နောက်ကား က အရှိန်နဲ့မောင်းလာတာ မြင်နေရ လည်း အောက် မချပေး တဲ့ကားတွေ ရှိတယ်။အဲဒီလိုတွေမှာလည်း အန္တရာယ် များတယ်။ တချို့ကျတော့လည်း ဘေးချ ပေးတယ်။ ကားတစ်စီးကိုကျော်မယ်ဆို ရင်လည်း အနည်းဆုံးတော့ ဟွန်းတီး ပြီးမှ ကျော်သင့်တယ်။ အစ်ကိုမြင်ရတော့ တချို့လူတွေက အဲဒီလိုမဟုတ်ဘူး။ ဘေးကနေ ဝေါခနဲ ကျော်တက်သွားတာ။ အဲဒီလိုမဟုတ်ဘဲ ဟွန်းတီးမယ်။ ဒါမှမ ဟုတ်ည ဘက်ဆိုမီးကြီးထိုးပြမယ်ဆိုရင် တစ်ဖက်ယာဉ်မောင်းလည်း သတိထား မိသွားမယ်။ အိပ်ငိုက်နေမယ်ဆိုရင် တောင် နည်းနည်းသတိထားမိသွားပြီး မျက်စိကျယ် သွားနိုင် တယ်။ ပြီးရင် လမ်းက အိပ်ငိုက်တယ်လေ။ ခုကြားတာကတော့ လမ်းမှာဆိုင်လေးတွေဖွင့်မယ်ဆို ပြီးပေါ့။ အစ်ကိုအခု မြင်နေရတာက တော့ အိမ်သာတွေ ပဲ ဆောက် ထား တာ တွေ့တယ်။ နိုင်ငံတကာမှာဆိုလည်း ကီလို ၂ဝ၊ ၃ဝ အကွာအဝေးလောက်မှာ ဆိုင်တစ်ဆိုင်တော့ ရှိတယ်။ အဲဒီလို တကယ်ဆောက်ဖြစ်ရင်တော့ ကားမောင်း ရင်း အိပ်ငိုက်လာပြီဆိုတာနဲ့ ဘေးမှာ ရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ဝင်နားလို့ရ တယ်။ ဒါဆိုအဆင်ပြေမှာပေါ့။ အခု သတိထားရမှာက မိုးရာသီဆိုတော့ ဒီ အမြန်လမ်း မှာက ရေတင် တယ်။ ရေက မကျဘူး။ အဲဒီအချိန်မှာကားကို အရှိန် နဲ့မမောင်းသင့်ဘူး။ အရှိန်နဲ့မောင်းလာ လို့ ရေဝပ်လာလို့ ရေဝပ်နေတဲ့အထဲပါ သွားရင် ရေကဆွဲချသွားပြီး ကား က မှောက်မှာပဲ။ အဲဒါကိုတော့ သတိထား စေချင်တယ်။

ကိုဇော်သက်ထွေး
(Travels & Tour ယာဉ်မောင်း)

အစ်ကိုတို့ အမြန်လမ်းသွားလို့ရှိရင် တွေ့ကြုံရတာတွေကတော့ များတာပေါ့။ အမြန်လမ်းက ရန်ကုန်ကနေ နေပြည်တော်လောက်ထိကတော့ လမ်း ကအကွေ့အကောက် များတော့ သိပ်မမောင်းကြဘူး။ နေပြည်တော်ကျော်သွားတော့ အသားကုန် မောင်းကြတယ်။ လမ်းကဖြောင့်နေတာများတယ်လေ။ ပြေးတက်ပြေးဆင်းကုန်းတွေပေါ့။ ပြီးတော့ ယာဉ်မောင်းတွေ အိပ်ငိုက်တယ်။ လမ်းက နည်းနည်းကျဉ်းတော့ ငိုက်လိုက်တာနဲ့ ကားကဘေးကို ဆွဲသွားတာပဲ။

အဲ့မှာမိုင်တိုင်တွေနဲ့ တိုက်မိတာပေါ့။ ပြီးတော့ ယာဉ်မောင်းတွေကလမ်းညွှန် ဆိုင်းဘုတ်တွေမှာ ပြထားတဲ့စည်းကမ်း တွေကို မလိုက်နာဘူး။ တချို့နေရာတွေ မှာ ၈ဝ ထက် ပိုမမောင်းရဆိုတဲ့ နေရာတွေမှာလည်း ပိုမောင်းတယ်။ သူတို့သတ်မှတ်ထားတဲ့ နေရာတွေမှာ သတ်မှတ်ထားတဲ့ အမြန်နှုန်းနဲ့ မောင်းမယ်ဆိုရင် အန္တရာယ် နည်းသွားမှာပါ။ ပြီးတော့ ဒီလမ်းကို အမြဲသွားနေတဲ့ လူတစ်ယောက်က ဒီလမ်းကြောင်းကို နည်းနည်းတော့သိနေပြီ၊။ အမြဲသွားနေကျမဟုတ်တဲ့ လူကျတော့ မြို့တွင်းမှာ ကား တွေ ကျပ်တာနဲ့ ဘာနဲ့ မောင်းလို့ မရဘူး။ ဒီအမြန်လမ်းကျတော့ လမ်းရှင်းတော့ အသားကုန်မောင်းကြတယ်၊ လမ်းသဘောတရားမသိတော့ဖြစ်ကြ တာများမယ် ထင် တယ်။ Highway ဆိုတာက မမျှော်လင့်တဲ့ အန္တရာယ်ကို မျှော်လင့်ထားရတယ်လေ။ ပြီးတော့ ချောက်ချားတတ်တဲ့ စိတ်နဲ့လည်း ဖြစ် တတ်တယ်။ အစ်ကို တစ်ခါကြုံ ဖူး တယ်။ ကားဘေးကနေ တွယ်ပြီးလိုက်လာတာ။ အဲ့ဒီလိုမျိုးကြုံရင်လည်း သတိထားရမှာပဲ။ အဓိကတော့ စိတ်ပါပဲ။ စိတ်ရှည်ရမယ်။ ဒီ လမ်းကြောင်းတစ်ခုကို သွား ရင် မြန်ြ မန် မောင်းလည်း အများဆုံး နှစ်နာရီလောက်ပဲ စောရောက်မှာလေ။ အန္တရာယ်တစ်ခုခုကြုံရင် ပိုပြီးနောက်ကျမယ်။ ကိုယ်လည်းခံရမယ်။ ဒါတွေ မေ့မနေသင့် ဘူး။ သတိ ထားသင့်ပါတယ်။

ဦးသန်းတင့်
(ယာဉ်မောင်း၊ လုပ်သက် ၁ဝနှစ်အထက်ရှိသူ၊ ရာဇာထွန်းယာဉ်လိုင်း)

အဓိကတော့ ကိုယ်ကပဲ အဓိကပါ။ ယာဉ်မောင်းနေတဲ့ မိမိသာလျှင် ကိုးကွယ်ရာဖြစ်တယ်။ တစ်ခုခုဖြစ်ရင် ယာဉ်မောင်းဆိုတာ ကြားနေရတယ်။ တချို့ ယာဉ်မောင်းတွေ ကျတော့လည်း ပရော်ဖက်ရှင်နယ်မပီသဘူး။ တချို့ဂိတ်တွေမှာ Owner ကနေ ပစားပေးလို့၊ စပါယ်ယာကနေ ကားတက်မောင်းကြတယ်။ အဲဒီကနေ ယာဉ်မောင်းဖြစ် လာကြတာ အောင်မင်္ဂလာအဝေးပြေးမှာ တော်တော်များတယ်။

ယာဉ်မောင်းတစ်ယောက် ကား ပေါ်တက်တာနဲ့ သတိရှိရမယ်၊ ဆေးလိပ်၊ ကွမ်းမစားရဘူး။ ဘယ်ဘက်၊ ညာဘက်၊ အတွင်းမှန်စတာတွေ ကြည့်ရမယ်။ ကိုယ်ခန္ဓာ၊ နား၊ နှာခေါင်းတွေ လည်း သတိရှိနေရမယ်။ ဒါတွေကို ကျွမ်းကျင်ပြီးသား ဖြစ်နေရမယ်။ လမ်းပိုင်းကျတော့ ရန်ကုန်က အထွက် ၇၅ မိုင်၊ ၇၆ မိုင်ဆိုရင် ကား အကွေ့ေ တွ ကွေ့ရမယ်။ ဒါပေမဲ့ လမ်း က တစ်ပြေးညီလို ဖြစ်နေတယ်။ ကားကွေ့တဲ့နေရာမှာ တစ်ဖက်လမ်း နည်း နည်းမြှင့်ပေးထားမှ နောက်တစ် ဖက်ကို ကျတဲ့အခါ ဟန် ချက် ထိန်းနိုင်မယ်။ လမ်း တည်ဆောက်ထားပုံက စံချိန်စံညွှန်းနှင့် မညီတာတွေ့ရတယ်။ကားမောင်းတဲ့အခါ ကီလို ၁ဝဝ ထက်မကျော်ရဘူး သတ်မှတ်ထားတယ်။ တစ်ခါ တလေ ကျတော့ ကျော်တယ်။ ဥပမာ ကုန်းဆင်းရှိရင် ကီလို ၁၁ဝ၊ ၁၂ဝ ရှိသွားတတ်တယ်။ အကယ်၍ မတော်လို့ ဘရိတ်ပေါက်ရင် ငါဘာ လုပ်ရမလဲ ဆိုတာ ယာဉ်မောင်း တစ် ယောက်အနေနဲ့ ကျွမ်းကျင်နေရမယ်။

ရန်ကုန်-နေပြည်တော်က ၆ နာရီ ကြာချိန်ရှိတယ်။ ကားမောင်းတဲ့အချိန် မှာ ယာဉ်မောင်းအနေနဲ့ ကျန်းမာရေး ကောင်းမွန်နေရမယ်၊ လန်းဆန်းနေရ မယ်၊ ကားမှာ ထိုင်ခုံ ၄၄ ခုံပါရင် အ ကုန်လုံး ခရီးသည်တွေ ရောင်းလို့ မဖြစ် ဘူး။ ယာဉ်မောင်းတစ်ယောက် နားဖို့ အတွက် ချန်ထားပေးရမယ်။ ယာဉ် မောင်းတစ်ယောက်က မောင်းနေတယ်။ ကျန် တစ်ယောက်က အနားပေးချိန် ရှိ သွားရင် ကျန်းမာရေးချို့ယွင်းချက် မရှိ နိုင်ဘူး။ ယာဉ်မောင်းတစ်ယောက်က ကားပေါ်မှာ တစ်နာရီ တစ်နာရီခွဲ လောက် အိပ်ပျော်သွားရင်ကို သူ တစ် နေကုန် မောင်းလို့ရနေပြီ။ ယာဉ်မောင်း အတွက် ထိုင်ခုံမချန်ဘဲ ရောင်းတဲ့ ကား ဂိတ်တွေလည်း ရှိနေတယ်။ အဲဒါက မဖြစ်သင့်ဘူး။

ယာဉ်မောင်းတစ်ယောက် ဘယ် လောက်ပဲ မောင်းနှင်နိုင်တယ် ပြော ပြော၊ အနားမရရင် မမောင်းခိုင်းနဲ့။ တချို့ဂိတ်တွေမှာ ယာဉ်မောင်းကို ရောက်/ပြန် မောင်းခိုင်းတာ ရှိတယ်။ ယာဉ်မောင်းက နံပါတ် (၁) လန်းဆန်း နေရမယ်။ ကျွမ်းကျင်မှု ရှိရမယ်။ စိတ် ဖိစီးမှုတွေ မရှိရဘူး။ ခရီးသွား မိဘပြည် သူတွေ အနေနဲ့လည်း ယာဉ်မောင်းတွေ ဆို ငါတို့က ပိုက်ဆံပေးပြီး စီးတာပဲ ဆိုတာမျိုး မဟုတ်ဘဲနဲ့ တန်ဖိုးထားပေးဖို့ လိုတယ်။ ဖြစ်သွားမှ သိန်း ၃ဝ၊ ၄ဝ ဆိုတာ ဘာမှလုပ်လို့မရဘူး။

ထက်ထက်မိုးမြင့် ၊ ဇေဝေယံ

ACM Credit To: Popular Myanmar News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top