တိုကျို၊ မေ ၁၆
ပင်လယ်ရပ်ခြား ဒေသများ၌ ဂျပန် တပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နိုင်ရန် ကာကွယ်ရေးဥပဒေ ပြောင်းလဲပြီး အခြေခံဥပဒေ အဓိပ္ပာယ် ဖွင့်ဆိုမှုတစ်ရပ် လုပ်ဆောင်ပေးရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တောင်းဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဂျပန်ကာကွယ်ရေးဥပဒေ ပြောင်းလဲသင့်ကြောင့် ဝန်ကြီးချုပ်အာဘေး ရွေးချယ် ခန့်အပ်ထားသည့် အကြံပေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြီး နာရီအနည်းငယ် အကြာတွင် ယခုကဲ့သို့သော တောင်းဆိုချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် စစ်ပွဲဆင်နွှဲခွင့်၊ စစ်အင်အား အသုံးပြုခွင့်၊ အသုံးပြုမည်ဟု ခြိမ်းခြောက်ခွင့်များကို ဂျပန်အခြေခံ ဥပဒေက ပိတ်ပင် တားမြစ်ထားသည်။
ဒုတိယကမ္ဘာစစ်အပြီး အမေရိကန် ဦးဆောင်ရေးဆွဲသည့် ဂျပန်အခြေခံ ဥပဒေပုဒ်မ ၉ အရ စစ်အင်အား အသုံးပြုမှုကို ပိတ်ပင်ထားပြီး ကိုယ်ပိုင်ကာကွယ်ရေး နယ်ပယ်တွင်သာ အင်အား အသုံးပြုခွင့်ပြုထားသည်။
သို့သော်လည်း အာရှ-ပစိဖိတ်ဒေသ၏ ပြောင်းလဲလာသော လုံခြုံရေး အခြေအနေနှင့်အညီ ဂျပန် တပ်မတော်၏ အခန်းကဏ္ဍကို ပြန်လည် ဆန်းစစ်လိုသည်ဟု ဝန်ကြီးချုပ်အာဘေးက ပြောကြားသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ မဟာမိတ်နိုင်ငံများ တိုက်ခိုက်ခံပါက လက်နက်ကိုင် ဝင်ရောက် ကူညီပိုင်ခွင့် ရှိသည်ဟု ဂျပန်အစိုးရအဖွဲ့က ကာလရှည်ကြာ စွဲကိုင်ထားသော်လည်း အခြေခံဥပဒေက ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခွင့်ကို ပိတ်ပင်ထားသည်။
အကြံပေးအဖွဲ့၏ အစီရင်ခံစာတွင် ကန့်သတ်ချက်ကို စွန့်ပယ်ရန်နှင့် စုပေါင်းထားသည့် ကိုယ်ပိုင် ကာကွယ်ရေးတွင် ဂျပန်နိုင်ငံ ပါဝင်လှုပ်ရှားရန် တောင်းဆိုထားပြီး အာဏာအလွဲသုံးစားမှုများ မဖြစ်ပေါ်စေရန် သတ်မှတ်ချက်များ ထည့်သွင်းထားရန် အကြံပြုထားသည်။
တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့မှ ခြိမ်းခြောက်မှုများ ပေါ်ထွက်လာချိန်တွင် ယခုကဲ့သို့သော အကြံပေးချက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် အာဘေးအစိုးရအဖွဲ့မှာ မှားယွင်းသော လုပ်ဆောင်ချက်များ ပြုလုပ်နေခြင်းကြောင့် ဂျပန်နိုင်ငံ၏ အစစ်အမှန် ရည်ရွယ်ချက်ကို စိုးရိမ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟူချန်ယင်က ပြောကြားသည်။
Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.