ရည်ရွယ်ချက် ၊ တာဝန်ယူစိတ် ၊ နည်းပညာ တခုမှလျော့လို့မရဘူး။ မဟုတ်ရင် ဖြူတဲ့ကိစ္စကိုမဲအောင် ၊ မဲတဲ့ကိစ္စကိုဖြူအောင် ပြောလို့ရတယ်။ မနေ့က eleven page မှာရေးထားတဲ့ ရွှေလီရေအားလျှပ်စစ်အကြောင်း ကို အပေါ်ယံရိုးရိုးလေးဖတ်လိုက်ရင် တရုတ်(လက်ရှိမီဒီယာများ သွေးထိုးလိုက်တာ နို်င်ငံတခုလုံးပဲ ၊ ဖြစ်သင့်တာက လူပုဂ္ဂိုလ်ဖြစ်ဖြစ် ၊ ကုမ္ပဏီဖြစ်ဖြစ် မှားခဲ့ရင် ဥပဒေအတိုင်းအရေးယူဖို့ပဲရှိတယ်) မတရားဘူးလို့ပဲ မှတ်ချက်ချကြမယ်။ ဒါပေမယ့် အင်တာနက်မှာ ထပ်ပြီးသေချာအောင်လေ့လာကြည့်တဲ့အခါ ဒီအဖြေက ပြောင်းပြန်ကြီးဖြစ်သွားတယ်။ နဂိုစာချုပ်က စက် ၆ လုံးထဲမှာ မြန်မာအတွက် စက် ၁ လုံးစာ free ပေးထားတယ်(၁၅%) ။ အခွန်နဲ့ ပေါင်းပြီးတွက်ကြည့်လိုက်ရင် နှစ်ဖက်ကုမ္ပဏီက တဝက်စီရတဲ့ သဘောပေါ့(EPC နဲ့ YUPD) ။ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နွေရာသီမှာ လျှပ်စစ်မလုံလောက်လို့ နောက်ထပ်စက် ၁ လုံးစာ ဒီဘက်ကိုထပ်ပို့တယ်။ အကယ်၍ ထပ်ပြီးလိုတယ်ဆိုရင် ၇၀% အထိ ဒီဘက်ကိုပို့လို့ရတယ်လို့ သဘောတူထားတယ်။ ဒီကိစ္စအတွက် ၂၀၁၃ နွေရာသီမှာ လျှပ်စစ်ဒုဝန်ကြီးကနေ YUPD ကိုကျေးဇူးတင်လွှာတောင်ပို့လိုက်သေးတယ်။
အခု တယူနစ်မှာ ၁၀ ကျပ် တက်လိုက်တယ်ဆိုတဲ့ ကိစ္စက လျှပ်စစ်လုပ်ငန်းရဲ့ သဘောတခုနဲ့ဆိုင်တယ်။ ထုတ်လုပ်မှုနည်းပြီး သုံးစွဲမှုများတဲ့ကာလမှာ ဈေးမြင့်တာပါ။ အရေးကြီးတာက ဒီဈေးနှုန်းတက်တဲ့ ကိစ္စက ကုမ္ပဏီရဲ့လုပ်ဆောင်ချက်ပါ၊ eleven ပြောသလို ဒီဘက် ၁၀ ကျပ်တက်ရင် ဟိုဘက်လည်း ၁၀ ကျပ်တက်တာပဲ ။ လုပ်တဲ့ကုမ္ပဏီမြတ်တာကိုလက်ခံပါတယ်။ ဒါပေမယ့် နိုင်ငံနဲ့ချီပြီးပြောမယ်ဆိုရင် တစ်နှစ်ပျမ်းမျှ တွက်ကြည့်ရင် သူတို့ဘက်ယူတဲ့လျှပ်စစ်ကများတဲ့အတွက် နောက်ဆုံးကျ၇င် ကျွန်တော်တို့ဘက်က ရတဲ့ အခွန်အကောက် နဲ့ အခုပိုပေးရမယ့်ဟာကိုယှဉ်ကြည့်ရင် ရမယ့်အခွန်ကပိုတောင်များသေးတယ်။ ဥပမာတခုပြောရရင် YUPD ကနေ China Southern Grid နဲ့ အရောင်းအဝယ်စာချုပ်ချုပ်တဲ့အချိန်မှာ တယူနစ် ၄၀ ရရဲ့သားနဲ့ ဒီဘက်ကို မပြောပြပဲ အရင်လို ၃၀ နှုန်းနဲ့ပဲ အခွန်ဆက်ဆောင်နေရင် ကိုယ့်ဘက်ရမယ့် အခွန်ငွေ ၂၄၅ ကျပ်လျော့နည်းသွားမယ်( 10 x 35% x 70 unit ) ။ ကျွန်တော်တို့ဘက်က ၁၀ ပိုပေးရတာက ၁၉၅ ကျပ်ပဲပိုပေးရတယ်( 10 x 65% x 30 unit ) ။ ကျွန်တော်တို့နိုင်ငံဘက်က ယူနစ် ၁၀၀ မှာ ၅၀ ကျပ်တောင်သက်သာသေးတယ်။ ကုမ္ပဏီအနေနဲ့ပြောမယ်ဆိုရင် ရောင်းသူဖြစ်တဲ့ YUPD ကပိုမြတ်တယ် ၊ ဝယ်သူဖြစ်တဲ့ EPC က ပိုပေးရမယ်။ ဈေးနှုန်းမြင့်တက်တဲ့အတွက် နိုင်ငံရဲ့အခွန်လည်းပိုရတဲ့သဘော။ တရုတ်ဘက်ကလျှပ်စစ်သုံးတာပိုများတဲ့ အတွက် ဒီလိုဈေးနှုန်းတက်ရင် သူတို့ဘက်ကပေးရတာက ပိုများမှာပေါ့။
စာချုပ်ကိုမလေ့လာပဲနဲ့ ၊ စီးပွားေ၇းနည်းပညာ ၊ လျှပ်စစ်လုပ်ငန်းရဲ့ထုံးစံကိုမသိပဲနဲ့ တရုတ်ကို အမုန်းတရားကြီးထွားအောင် တခုတည်းရည်ရွယ်ပြီး ရေးသားတာက အပေါ်မှာပြောထားတဲ့ မီဒီယာသမား တွေ ကျင့်သုံးရမယ့် ၃ ချက်ထဲမှာ အစဖြစ်တဲ့ ရည်ရွယ်ချက်အပိုင်းတောင် မှားနေပြီ ။ တာဝန်စိတ်မရှိ ၊ ပညာညံ့ဖျင်း တာက နောက်တပိုင်း ။
(အင်တာနက်သတင်းအ၇ ကိုယ့်နိုင်ငံရဲ့ လျှပ်စစ်အကျပ်တည်းဆုံးဖြစ်တဲ့ နွေရာသီမှာ ရွှေလီေ၇အားလျှပ်စစ်က ကျွန်တော်တို့သုံးနေတဲ့ လျှပ်စစ် အားလုံးရဲ့ ၅ ပုံ ၁ ပုံ ကို ပံ့ပိုးနေတယ်။)
Aye Chan Mon# Credit To :နည်းစနစ်ကျကျအတွေးအခေါ်
https://www.facebook.com/excellencemedia
Post a Comment