0


နေပြည်တော်၊ေACM Re-Post 29-5-2014

၂၀၁၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၇၄/၄-၅)ကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှ မန္တလေးဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ သက်ပိုင်ဦး(၃၀)နှစ် မောင်းနှင်လာသော 2G/xxxx စူဇူကီးအဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျွန်းချောင်း ကျေးရွာနေ တင်မောင်အေး(၄၃)နှစ်မောင်းနှင်သည့် 2A/xxxx ဆန်နီပစ်ကပ်အဖြူရောင်ယာဉ်၏ ၀ဲဘက်နောက်ခြမ်းအား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် 2A/xxxx ဆန်နီ ပစ်ကပ်အဖြူရောင် ယာဉ်ပေါ်ပါ မှော်ဘီမြို့နယ်၊ ကျွန်းချောင်းကျေးရွာနေသူများဖြစ်သည့် မောင်ဇေယျာအောင် (၈)နှစ်နှင့် ဒေါ်နွဲ့(၃၇)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ သက်ပိုင်ဦးအား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Aye Chan Mon Credit To: ရဲဇာနည်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top