0

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ရုပ်ရှင်ဂီတ အနုပညာရှင်များ စုပေါင်းလက်မှတ် ရေးထိုးခြင်းကို မေ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲကို ရုပ်ရှင်၊ ဂီတအနုပညာရှင်များ ဖြစ်ကြသည့် တေးရေးမြင့်မိုးအောင်၊ တေးရေးရွှေဂျော်ဂျော်၊ တေးရေး ညီညီသွင်၊ အဆိုတော် ကိုရဲလွင်၊ သျှီ၊ မေခလာ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်း၊ သရုပ်ဆောင် အကယ်ဒမီလူမင်း၊ ဒါရိုက်တာကြည်ဖြူသျှင်၊ သရုပ်ဆောင်ချစ်သုဝေ၊ မြင့်မြတ်၊ ဒါရိုက်တာကိုပေါက်၊ သဉ္ဇာနွယ်ဝင်း စသူတို့ တက်ရောက်ကာ လက်မှတ်ရေးထိုး ခဲ့ကြသည်။

“ဒီအခြေခံဥပဒေက of the army၊ by the army၊ for the army ဖြစ်နေတာကို of the people၊ by the people၊ for the people ဖြစ်ဖို့လိုတယ်။ အဲဒီလို အခြေခံဥပဒေဖြစ်ဖို့အတွက် ပြည်သူတွေနဲ့ ကျွန်တော်တို့ အနုပညာရှင်တွေနဲ့ တစ်သားတည်း အတူတူဝိုင်းပြီး လက်မှတ်ရေးထိုးဖို့ လိုအပ်တယ်လို့ ရိုးရိုးရှင်းရှင်းလေး ယုံကြည်လို့ပါပဲ” ဟု လက်မှတ်ရေးထိုးပွဲသို့ လာရောက် လက်မှတ်ရေးထိုးခဲ့သည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဆိုသည်။

ထို့အပြင် သရုပ်ဆောင် ချစ်သုဝေကလည်း “ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာလည်း ပြင်ဆင်သင့်တဲ့အတွက် ထရီဇာတို့ အနုပညာရှင်တွေ အားလုံးစုပေါင်းပြီး ထရီဇာတို့ ဆန္ဒကိုပြောကြတာ။ ထရီဇာတို့ အနုပညာရှင်တွေအားလုံး လက်မှတ်ရေးထိုးပြီး ဖော်ထုတ်ကြတာပါ” ဟု လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ ရှင်းပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူုးပေါင်း၍ ရန်ကုန်၊ မန္တလေးနှင့် မအူပင်မြို့များတွင် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top