0

ACM Re-Post 25-5-2014
Written by: ကျော်ထင်

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရလမ်း ၆၇ လမ်း သတ်မှတ်၍ ယာဉ်ရပ်နားခြင်းကန့်သတ်မှု မအောင်မြင်သော်လည်း ထပ်မံ၍ ယာဉ်မရပ်ရလမ်း ၁ဝ ခုကို တိုးချဲ့သတ်မှတ်ကြောင်း သတင်းရရှိသည်။

ယာဉ်မရပ်ရလမ်း ၁ဝ ခု ထပ်မံတိုးချဲ့ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခု မေလအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နှင့်ညီစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန်၊ ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းကာ အများပြည်သူ သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ယခု ယာဉ်မရပ်ရအဖြစ် ထပ်မံသတ်မှတ်ခဲ့သည့် လမ်း ၁ဝ ခုမှာ အင်းစိန်လမ်းနှင့် ရွာမကျောင်းလမ်းဆုံမှ ရွာမကျောင်းလမ်းအတိုင်း ဗဟိုလမ်းနှင့် ရွာမကျောင်းလမ်းဆုံအထိ၊ အောင်ဇေယျတံတားမှ ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း ဘီအိုစီအဝိုင်းအထိ၊ ပြည်လမ်းနှင့် သီရိမင်္ဂလာလမ်းဆုံမှ သီရိမင်္ဂလာလမ်းအတိုင်း အောက်မင်္ဂလာဒုံလမ်းဆုံ အထိ၊ ပြည်လမ်းနှင့် ဥက္ကလာလမ်းဆုံမှ ဥက္ကလာလမ်းအတိုင်း သုဓမ္မလာလမ်ဆုံအထိ၊ အထက်ကြည့်မြင်တိုင်လမ်းနှင့် ပန်းပင်ကြီးလမ်းဆုံမှ ပန်းပင်ကြီးလမ်းအတိုင်း ကမ်းနားလမ်းအထိ၊ မြို့မကျောင်းလမ်းနှင့် ပြည်ထောင်စုရိပ်သာလမ်းဆုံမှ ပြည်ထောင်စုရိပ်သာလမ်းအတိုင်း ဗဟိုလမ်းဆုံအထိ၊ ဦးဝိစာရလမ်းနှင့် ရာဇာဓိရာဇ်လမ်းဆုံမှ ရာဇာဓိရာဇ်လမ်းအတိုင်း ပြည်ထောင်စုလမ်းဆုံအထိ၊ အလုံလမ်းနှင့် မြို့မကျောင်းလမ်းဆုံမှ မြို့မကျောင်းလမ်းအတိုင်း မင်းရဲကျော်စွာလမ်းဆုံအထိ၊ ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းဆုံမှ ကျွန်းတောလမ်းအတိုင်း ဗားကရာလမ်းဆုံအထိ၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းဆုံမှ သုမင်္ဂလာလမ်းအတိုင်း လေးထောင့်ကန်လမ်းဆုံအထိ တို့ဖြစ်ကြောင်း၊ အဆိုပါလမ်းများတွင် ခရီးသည် အတင်အချပြုလုပ်ရန်မှ တစ်ပါး မည်သည့်ယာဉ်မျှ ရပ်နားခွင့်ပြုမည်မဟုတ်ကြောင်း ကြေညာထားသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန်၊ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန် ရည်ရွယ်၍ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် ယာဉ်မရပ်ရလမ်းများအဖြစ် စတင်သတ်မှတ်ခဲ့ပြီး နိုဝင်ဘာ ၈ ရက် တွင် အဓိကလမ်းမကြီး ၃၇ လမ်းအား စတင်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ချိန်တွင် လမ်းမကြီးများတွင် ယာဉ်မရပ်ရခြင်းကြောင့် လမ်းသွယ်များအတွင်းသို့ ဝင်ရောက်ရပ်နားခြင်းကြောင့် လမ်းသွယ်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းစနစ်မှာ အောင်မြင်မှု မရရှိခဲ့ပေ။

သို့သော်လည်း ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ဒုတိယအကြိမ် ယာဉ်မရပ်ရ လမ်း ၂ဝ အား ထပ်မံသတ်မှတ်ခဲ့ပြီး လမ်းမများပေါ်တွင် ယာဉ်များရပ်နားကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေ၍ ၂ဝ၁၄ ခုနှစ် ဇန်န ဝါရီ ၂၇ ရက်တွင် တတိယအကြိမ် ယာဉ်မရပ်ရ ၁ဝ လမ်းကို ထပ်မံသတ်မှတ်ခဲ့ရာ စုစုပေါင်း ယာဉ်မရပ်ရလမ်း ၆၇ လမ်းရှိခဲ့ပြီး ယခုထပ်မံသတ်မှတ်သည့်လမ်း ၁ဝ ခုပေါင်းလိုက်ပါက ၇၇ လမ်း ရှိနေပြီဖြစ်ကာ ယင်းလမ်းများတွင် ယာဉ်ရပ်နားပါက ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေဖြင့် အရေးယူသွားမည်ဟု သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မရမ်းကုန်းမြို့နယ်အတွင်း စည်းကမ်းမဲ့ရပ်နားထားသည့် ယာဉ်တစ်စီးကို ကရိန်းကားဖြင့် ဖယ်ရှားနေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top