0

ကိုယ့်လက်ဖဝါးပေါ်မှာ မွေးကတည်းကပါနေပြီး အသုံးတည့်တည့် မတည့်တည့် အတူတူနေနေကြတဲ့ လက်ချောင်းတွေရှိပါတယ်။ အဲဒီလက်ချောင်းတွေ ဟာ တစ်ချောင်းနဲ့ တစ်ချောင်း မညီပါဘူး။ ရှည်တဲ့ လက်ချောင်းကရှည်၊တိုတဲ့ လက်ချောင်းကတို။အဲဒီ လက်ချောင်းတွေကို ညီအောင် ညှိကြည့်ချင်ပါတယ်။ ဒါနဲ့ ကိုယ့်လက်ဖဝါးကို တင်းနေအောင် ဆန့်ထုတ်ပြီး မညီတဲ့ လက်ချောင်းတွေကို ညှိဖို့ကြိုးစားကြည့်ပါတယ်။ လက်ဖဝါးသာ နောက်ကိုကော့လာတယ်၊ လက်ချောင်း တွေကတော့ မညီရေးချမညီပါ။ တင်းနေအောင် ဆန့် လေလေ ညီအောင်လုပ်ဖို့ ခက်လေလေပါပဲ။ ဒါနဲ့ တင်းထား တဲ့လက်ကို ဖျော့လိုက်ပြီး ရှေ့ကို (လက်ဖ ဝါးဖက်ကို) လက်ချောင်းတွေကို ခေါက်ပြီး ကွေးလိုက် ပါတယ်။ အလိုက်တသင့်ကွေးလို့ရတာ ကိုတွေ့ရပါ တယ်။ အဲဒီအခါကျတော့မှ မညီမညာဖြစ်နေတဲ့လက် ချောင်းတွေဟာ အလွယ်တကူ ညှိလို့ရသွားပါတယ်။ ဒါဟာ ညှိနှိုင်းခြင်းအတွက် နည်းလမ်းပါပဲ။ ညှိနှိုင်းတယ်ဆို ကတည်းက နှစ်ဦးနှစ်ဖက် လိုအပ်ချက်တွေ ကိုယ်စီရှိ ပါတယ်။ တစ်ဘက်သတ်ထဲကပဲ လိုအပ်ချက်ရှိနေပြီး တစ်ခြားတစ်ဘက်မှာ လိုအပ်ချက်မရှိဘူးဆိုရင် ညှိ နှိုင်းတယ်လို့ မခေါ်နိုင်ပါဘူး။ အဲဒါဟာ တောင်းဆို တာပဲ ဖြစ်မှာပါ။ တစ်ဦးတစ်ယောက် တစ်ဖွဲ့က တစ် ဘက်သတ်လိုချင်တဲ့အချက်တွေကို တောင်းဆိုတာ ဟာ ညှိနှိုင်းတာမဟုတ်ပါဘူး။ ညှိနှိုင်းတာဟာ အ ပေးအယူ လုပ်ရတာပါ။ အပေးအယူလုပ် တယ်ဆို ကတည်းက တခုခုပေးပြီးတခုခုတောင်းရတာမျိုးပါ။ ကိုယ့်ဘက်ကတော့ ဘာမှမပေးချင်ပဲနဲ့ သူ့ဆီကချည်းပဲ ကိုယ်လိုတာတွေ တောင်းမယ်ဆိုရင် အပေးအယူ မ ဟုတ်တော့ပါဘူး။ အပေးအယူမဟုတ်ရင် ညှိနှိုင်းတာ လည်း မဟုတ်တော့ပါဘူး။
ဒါကြောင့် ညှိနှိုင်းတော့မယ်ဆိုရင် ကိုယ့်ဘက်က စပြီး ဘာများကမ်းလှမ်းနိုင်မလဲဆိုတာ အရင်စဉ်းစား ထားပါ။ တစ်ဘက်က လိုအပ်နေတာလည်း ဖြစ်ရပါမယ်။ သူ မလိုတာကို သွားပြီးကမ်းလှမ်းမိပြန်ရင် အဲဒီညှိ နှိုင်းမှုမျိုးဟာ အဆင်ပြေမှာမဟုတ်ပါဘူး။ ညှိနှိုင်း ဆွေးနွေးခြင်းဆိုတာ အလွန်သိမ်မွေ့တဲ့အနုပညာတစ်မျိုး ဖြစ်ပါတယ်။ စိတ်ရှည်သူ သည်းခံတတ်သူ သေသေချာ ချာ နားထောင်တတ်သူတွေအတွက်ဖြစ်ပါတယ်။ ညှိ နှိုင်းဆွေးနွေးသူကောင်းတစ်ယောက်ဖြစ်ဖို့ သင်ယူရ ပါတယ်။ ဆောင်ရန်ရှောင်ရန်တွေကို လေ့လာရပါတယ်။ ညှိနှိုင်းသူတစ်ယောက်ဟာ ဘယ်ဘက်ကိုမှ ဘက် လိုက် အစွန်းထွက်လို့မရပါဘူး။ ကိုယ်ပြောချင်တာ တွေကိုလည်း ပြောလို့မရပါဘူး။ နှစ်ဘက်ပြောစကား ကို နားထောင်ရာမှာ မနှစ်သက်တဲ့ အကြောင်းအရာ တွေ ပါနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့် မျက်နှာပေါ်မှာ မနှစ်သက်တဲ့အရိပ် အရောင်မပေါ်စေ ရပါဘူး။ တစ်ဘက်စီကို အချိန်ပေးပြီး နားထောင်နေစဉ်မှာ ကိုယ့်မှတ်ချက် မပေးရပါဘူး။ သူတို့ပြောနေတာကို ထောက်ခံတဲ့ သဘောပါတဲ့ အပြောမျိုးလည်း မပြောရ ပါဘူး။ သူတို့ဆိုလိုရင်းကို နားလည်ကြောင်းသာပြော ရပါတယ်။ နားမလည်လိုက်ရင်လည်းပဲ ကိုယ်နားလည် လိုက်တာက ဘယ်လိုဆိုတာကို ပြန်ပြောပြနိုင်ပါတယ်။
ကျွန်တော်တို့ သုံးနှစ်လုံးလုံး ဘာလုပ်ခဲ့ကြပါသလဲ။ မြန်မာ့အရေး ပြောင်းလဲခဲ့တာ သုံးနှစ်ရှိခဲ့ပါပြီ။အ ပြောင်းအလဲတွေနဲ့အတူ ဘာတွေတိုးတက်ခဲ့ပြီး ဘယ် အပိုင်းတွေမှာ ဆုတ်ယုတ်သွားခဲ့ပါသလဲ။ ကျွန်တော်တို့ ဘယ်နေရာက ဝင်ပါခဲ့ကြသလဲလို့ သုံးသပ်ကြည့်မိပါ တယ်။ သုံးနှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော် တို့တစ်တွေ ဘေးထိုင်ဘုပြောတဲ့ အလုပ်ပဲ တွင်တွင် ကျယ်ကျယ် လုပ်ခဲ့ပါတယ်။ တိုးတက်ရာတိုးတက် ကြောင်းဆိုတာထက် လွတ်လပ်ပြီဆိုပြီး လမ်းပေါ် ဆေး ရိုးတက်လှန်းတဲ့ အလုပ်တွေပဲလုပ်ခဲ့ကြပါတယ်။ အခုဆို ရင် ကျွန်တော်တို့လှန်းခဲ့တဲ့ ဆေးရိုးအတော်များပါပြီ။
ကျွန်တော်တို့ အော်ခဲ့ကြတယ်။ ကျွန်တော်တို့ ဆန္ဒပြခဲ့ကြတယ်။ ကျွန်တော်တို့ ပြဿနာဖြစ်အောင် လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ ပဋိပက္ခတွေ ဖန်တီးခဲ့ ကြတယ်။ ကျွန်တော်တို့လူတွေသတ် မီးတွေရှို့ခဲ့ကြ တယ်။ ကျွန်တော်တို့ သူများအိမ်ရာတွေကို ပျော် ပျော်ကြီး ဖျက်ဆီးခဲ့ကြတယ်။ စစ်ပွဲကာလမဟုတ်ပဲ မြို့လယ်ကောင်မှာ လူသတ်ပွဲ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ ကြတယ်။ လူစင်စစ်ကနေ လူစိတ်ပျောက်ပြီးလုခဲ့ ယှက်ခဲ့ကြတယ်။ အဲဒီဖြစ်စဉ်တွေဟာ ကမ္ဘာဦးဖြစ် စဉ်တွေမဟုတ်သလို အလယ်ခေတ် ဖြစ်စဉ်တွေလည်း မဟုတ်ပါဘူး။ ဒီနေ့ယဉ်ကျေးလှတဲ့ ၂၁ ရာစု ဖြစ်စဉ် တွေပါ။ ဘာသာတရား ကိုင်းရှိုင်းလှပြီး မေတ္တာတရား ကြီးမားလှတဲ့ နိုင်ငံကဖြစ်စဉ်တွေပါ။
နောက်ထပ်လည်း ဖြစ်လာဦးမယ့် အရိပ်အယောင် တွေလည်း တွေ့နေပါတယ်။ စည်းရုံးတာတို့၊ လှုံ့ ဆော်တာတို့ အမုန်းတိုက်တာတို့ ကြားနေရဆဲပါပဲ။ ကျွန်တော်တို့ လုပ်တတ်တာ ဒါပဲလေ။ ကိုယ့်ကိုယ်ကို နေရာကောင်းရဖို့ အဲဒီနေရာကောင်းကနေ မဖယ်ရ ဖို့ပဲ ကြိုးစားချင်ကြတာပါ။ ရှေ့ဆက်ဖို့ ကမ္ဘာက လေးစားဖို့ဆိုတာတွေ စိတ်မကူးပါဘူး။ ကမ္ဘာလောက ကြီး သိမ်မွေ့ဖို့ ငြိမ်းချမ်းဖို့ ကြိုးစားသူတွေက ကြိုး စားကြသလို ဘယ်သူ့ပစ္စည်းဘယ်လိုဖျက်ဆီးရမလဲ ဆိုတဲ့ကြီးနိုင်ငယ်ညှင်းလုပ်ရပ်တွေကိုအားတက်သရော စိတ်ဝင်စားသူတွေကလည်း စိတ်ဝင်စားကြပါတယ်။
ဒီလိုအချိန်ဟာ အခွင့်ကောင်းပါပဲ။ ကောင်းတာ လုပ်ချင်သူများအတွက် လည်း အခွင့်ကောင်းပါ။ ဆိုး တာ လုပ်ချင်သူများအတွက်လည်း အခွင့်ကောင်း ပါ။ ဥပဒေကို ချိုးဖောက်ချင်သူများအတွက်လည်း အခွင့်ကောင်း ဖြစ်သလို ဘက်လိုက်ချင်သူများအတွက် လည်း အခွင့်ကောင်းပါပဲ။
အခုအချိန်ဟာ အပေးအယူလုပ်ကြရမယ့် အ ချိန်ပါ။ ပေးစရာရှိတာကို ရက်ရက်ရောရောပေးပြီး တော့ ကိုယ်လိုချင်တာ ပြန်တောင်းယူ။ ဒီလိုညှိနှိုင်းရ မှာပါ။ အော်နေရုံနဲ့ ဘာမှ ဖြစ်လာဖို့မရှိပါဘူး။ ကူညီနေသူတွေ ကူညီချင်သူတွေကို သံသယ ထားခဲ့ ကြတာ ပဝေသဏီ ကတည်းကပါ။ အခုမှ မဟုတ်ပါ ဘူး။ ဒါလည်း သဘာဝပါပဲ။ ကူညီတယ်ဆိုတာ ဒို့ဆီက တစ်ခုခုလိုချင်လို့ဆိုတဲ့ အငုံ့စိတ်ကြောင့် သံသယဝင် ပြီး အပြစ်မြင်နေတာပါ။ ကူညီသူတိုင်းဟာ ရိုးသား တာ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဒါပေမယ့် လိုအပ်နေ ချိန်မှာတော့ အကူအညီ ယူရမှာပါပဲ။ လွတ်လပ်ရေး ကာလမှာ အင်္ဂလိပ်လက်အောက်က လွတ်ချင်တော့ ဂျပန်ရဲ့ အကူအညီကိုယူတယ်။ ဂျပန်က ဆိုးလာ တော့ အင်္ဂလိပ်ရဲ့ အကူအညီကိုပဲ ပြန်ယူခဲ့ပြန်တယ်။ ဒါဟာ ထင်ရှားလှတဲ့ သမိုင်းသာဓကပါ။
အခုဖြစ်နေတာက မငြိမ်းချမ်းတာပါ။ မနက် ဖြန်ဘာဖြစ်မလဲဆိုတဲ့ ကျီးလန့်စာစား အခြေအနေပါ။ ဘယ်သူတွေက ဘယ်သူတွေကို တိုက်ခိုက်ကြမလဲ ဘယ်သူက ဘယ်သူ့ကို သတ်ကြမလဲ ဘယ်သူက ဘယ်သူ့ကို မီးနဲ့ရှို့မလဲ ဆိုတာကို နေ့စဉ်တွေးပူနေ ကြရတာပါ။ အဲဒီစိုးရိမ်ပူပန်မှုတွေဟာ မုန်တိုင်းမ ဖြစ်ခင် စုစည်းနေတဲ့ မိုးတိမ်တောင်တွေလိုပါပဲ။ တ ဖြည်းဖြည်းနဲ့ အစိုင်အခဲက ကြီးမားလာနေပါတယ်။ မည်းမှောင်လာနေပါတယ်။ ဒါတွေကို ဝိုင်းဝန်းဖြေရှင်း ကြရမှာပါ။ လက်ရှိဖြစ်နေတာတွေ ဖြစ်ဖို့ အားယူနေ တာတွေကို သမ္မတတစ်ယောက်ထဲနည်း ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ သမ္မတဟာ စင်္ကြဝတေးမင်းမဟုတ်ပါ ဘူး။ တာဝန်ရှိတာမှန်ပါတယ်။ သူသမ္မလုပ်ချင် တာကိုး၊ တာဝန်ရှိတာပေါ့။ တာဝန်ယူရမှာပေါ့ သူဦး ဆောင်တဲ့ အစိုးရအဖွဲ့ လုပ်သမျှကို သူတာဝန်ခံရမှာ ပေါ့။ ဒါပေမယ့်သူလည် လူပဲလေ။ သူ့ကိုပဲ ဝိုင်းပြောနေ ကြမယ့်အစား ကူညီနိုင်တဲ့ ထောင့်ကနေ ကူညီကြဖို့လို ပါတယ်။ ကျွန်တော်တို့ ကူညီကြရပါမယ်။ စိတ်ကောင်း ရှိသူများဟာ နောက်ဆုံးမှာ အောင်မြင်စမြဲပါ။ စိတ် ကောင်းရှိဖို့ လိုပါတယ်။ အပြုသဘောဆောင်ဖို့ လို ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဝေဖန်နေကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ ထောက်ပြနေကြပါတယ်။ ကောင်း ပါတယ်။ ဝေဖန်ရုံ ထောက်ပြရုံတင်မက နည်းလမ်းတွေ ကိုပါ ပြပေးနိုင်ပါတယ် ပြပေးကြပါ။ တိုက်တွန်းပေး ကြပါ။ ကိုယ်ကိုယ်တိုင်လည်း လိုက်နာလုပ်ဆောင်ကြဖို့ လိုပါတယ်။ လာဘ်စားတာ မကြိုက်ဘူး။ ဒါဟာ လူ တိုင်း ပြောပါတယ်။ ဒါပေမယ့် လာဘ်လာဘကိုတော့ ချိုမြိန်စွာစားသုံးနေကြတယ်။ လာဘ်ပေးလာဘ်ယူ လုပ်ဖို့ နည်းလမ်းအမျိုးမျိုးရှာပြီး ချဉ်းကပ်ကြတယ်။ အာဏာရှိသူတွေ လုပ်ပိုင်ခွင့်ရှိသူတွေ လဘ်စားတတ် အောင် ဘယ်သူတွေက သင်ပေးခဲ့ကြတာပါလဲ။ အဲဒီ ကိစ္စက လဘ်ပေးလဘ်ယူရဲ့ အခြေခံအုတ်မြစ်ပါပဲ။ ဈေးကွက်ဝေါဟာရအရ Demand and Supplyလို့ ပြောတယ်။ ဝယ်လိုအားရှိမှ ရောင်းလို့ရတယ်။ ဒါပေ မယ့် လာဘ်ပေးလာဘ်ယူဈေးကွက်မှာတော့ ပေးသူ ကအရင်ချဉ်းကပ်ပြီး ဘယ်လောက်ပေးပါမယ်ဆိုတာ ကနေ စတာပါ။ အဲဒီနယ်ပယ်မှာတော့supply and demandလို့များပြောရမလားမသိ။ လာဘ်ပေး လာဘ်ယူ လုံးဝပပျောက်သွားဖို့ဆိုတာ တော်တော် ခက်တဲ့ကိစ္စပါ။ လာဘ်ပေးလာဘ်ယူကို လျှော့ချနိုင် အောင်ပဲ ကြိုးစားရမှာပါ။ ဒီနေရာမှာ အစိုးရ အရာရှိ တွေ အရေးပါသလို ပြည်သူတွေလဲ အရေးပါပါတယ်။ လဘ်ပေးတာဟာ မုန်းစရာ လာဘ်ယူတာဟာ ရှက်စ ရာလို့ မြင်လာတဲ့အထိ စွမ်းဆောင်ကြရမှာပါ။ အခု ထိတော့ လာဘ်ပေးတာဟာ အောင်မြင်ရာ လာဘ်ယူ တာဟာ ချမ်းသာရာလို့ မြင်နေကြဆဲပဲ ရှိပါသေးတယ်။
သုံးနှစ်တာ ရှိလာပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီ သက်တမ်းဟာ တကယ်တော့ ကလေးသာသာပဲ ရှိပါ သေးတယ်။ ဒီမိုကရေစီ ကျင့်စဉ်ကျင့်ရပ်တွေကို အားလုံး တပြေးညီ မကျင့်သုံးနိုင်သေးပါဘူး။ အဲဒီလိုကျင့်သုံး နိုင်ဖို့ကလည်း ကြာဦးမှာပါ။ ဒီမိုကရေစီရဲ့ အခြေ အမြစ်က လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းပါ။ လွတ် လပ်ပြီး တရားမျှတမှုမရှိရင် ဒီမိုကရေစီ မဟုတ်သလို တရားမျှတပြီး မလွတ်လပ်ရင်လဲ ဒီမိုကရေစီ မဟုတ် ပါဘူး။ လွတ်လဲမလွတ်လပ်ဘူး တရားမျှတမှုလဲ မရှိ ဘူးဆိုရင်တော့ ပြောစရာကို မလိုတော့ပါဘူး။ ပင် ပမ်းနွမ်းနယ်နေပြီဖြစ်တဲ့ အတွေးအခေါ် ဟောင်းတွေ ကို ခေါင်းဆောင်တွေကစပြီး စွန့်ရမှာပါ။ မပြေလည် သေးတာတွေကို ညှိနှိုင်းရမှာပါ။ ငြိမ်းချမ်း ရေးကိုရမှ ဖြစ်မှာပါ။ အဲဒီအတွက်လည်း အချိန်တွေ ထပ်ပေးရ ဦးမှာပါ။ ခဏခဏဆွေးနွေးကြရမှာပါ။ တကြိမ်မှာ အချက်တစ်ချက်လောက်ပဲ သဘောတူပါ စေဆွေးနွေး တဲ့အကြိမ်ရေများလာတဲ့အခါမှာ သဘောတူနိုင်တဲ့ အချက်တွေများလာမှာမလွဲပါဘူး။ ဆွေးနွေးတဲ့အခါ မှာ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားဖြစ်မှ မဟုတ် ပါဘူး တစ်ယောက်ကို တစ်ယောက် လေးစားစိတ်နဲ့ ဆွေးနွေးဖို့ပဲလိုတာပါ။
ဖြစ်စေချင်ပါတယ်.. ဒီမိုကရေစီနိုင်ငံ
ရစေချင်ပါတယ်.. ငြိမ်းချမ်းရေး
အေးချမ်း.. ချမ်းသာ.. ပြည်မြန်မာရယ်လို့ ကမ္ဗည်း ထိုးချင်ပါတယ်..။

ကောင်းလွန်း

Aye Chan Mon# Credit To :The Right Time News
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top