0


★ မြတ်စွာဘုရားကို မေတ္တာရှင်လို့မပြောကြဘူး။
မဟာကရုဏာရှင်ကြီးလို့သာပြောကြတယ်။
မေတ္တာရှင်ကြီးလို့ ဘာလို့မပြောကြလဲလို့မေးကြဖူးတယ်။

★ မြတ်စွာဘုရားရှင်အားလုံးတို့သည် မဟာကရုဏာရှင်
ကြီးများဖြစ်ကြသည်။ဘာကြောင်လဲ။
အိုနာသေရေးဒုက္ခဘေးကြီးတို့ဖြင့်
အဖန်ဖန်တလဲလဲ နှိပ်စက်ခံနေကြရရှာတဲ့
သတ္တ၀ါတွေကို သနားကြင်နာစိတ်ကြီးမားတော်မူတယ်။
ကယ်တင်လိုတဲ့ ဆန္ဒပြင်းပြတော်မူကြတယ်။
နေ့မအားညမအား အစွမ်းကုန်လဲ
သနားစောင့်ရှောက်တော်မူကြပါတယ်။

★ "မေတ္တာရှင်လို့" ဘာကြောင့်မခေါ်ကြသလဲဆိုရင်တော့
သံသရာဝဋ်ဆင်းရဲထဲမှာ ထပ်ပြန်တလဲလဲ
တ၀ဲလည်လည် ဒုက္ခကြီးစွာခံစားနေကြရပုံကို
သိမြင်တော်မူတဲ့အတွက် ကယ်တင်ပေးလိုတဲ့ကရုဏာ
ဓာတ်က ကြီးမြတ်နေခြင်း အားကောင်းနေခြင်းကြောင့်
အားကောင်းရာကို ဦးစားပေးပြောဆိုခြင်း ဖြစ်ပါတယ်။
"မေတ္တာရှင်" လို့မပြောတဲ့အတွက်ကြောင့်
မေတ္တာဓာတ်အားနည်းတယ်လို့တော့ မဆိုသင်ဘူး။

★ သတ္တ၀ါတွေ သံသရာဝဋ်ဒုက္ခကြီးထဲမှာ
တ၀ဲလည်လည်နစ်မြုပ်နေကြပုံကို သိမြင်တော်မူလို့
ဆွဲထုတ်ကယ်တင်ရန် ကြံရွယ်ကြိုးစားမှုက အဓိကဖြစ်နေတယ်။
ဒါကြောင်မေတ္တာရှင်ဖြစ်သောလည်း
ကရုဏာစိတ်ကြီးမားမှုက ပိုပြီးပေါ်လွင်စေတယ်။

★ သာမန်သောသူတို့ရဲ့ သနားကြင်နာခြင်းထက်
အဆပေါင်းများစွာ ရာထောင်မကအောင်
ကြီးမားတော်မူကြသောကြောင့်
မြတ်စွာဘုရားရှင်အားလုံးကို "မဟာကရုဏာရှင်"
လို့ပြောဆိုရိုးပြုနေကြခြင်းဖြစ်ပါတယ်။
မေတ္တာစိတ်အားနည်းလို့မဟုတ်ပါဘူး။

★ နောက်ပြီးလောကမှာ ဘယ်လောက်ကြွယ်ဝပြည့်စုံနေသူပင်ဖြစ်စေ
ယခုဘ၀မှာ အယူအဆမှားပြီး ဒုစရိုက်တွေလုပ်မိနိုင်သေးတယ်။
ရှေးဘသက လိုက်ပါလာတဲ့ အပရာပရိယ အကုသိုလ်ကံတွေ
ကလဲရှိနေသေးတယ်။ တစ်ချိန်ချိန် ဒီကံတွေ
အကျိုးပေးခွင့်သာတဲ့အခါ
အပါယ်လေးပါးသို့ ကျရောက်နိုင်သေးတယ်။
အရိယာမဖြစ်သေးသမျှ စိတ်မချရဘူး
သတ္တ၀ါတွေအပေါ်မှာ မြတ်စွာဘုရားရှင်ဟာ
ဒါတွေအကုန်မြင်ထားလို့ သနားတော်မူကြတယ်။ ဥာဏ်တော်အမြင်ကြီးမားသလောက်
သနားကရုဏာကြီးမားတော်မူတယ်။

(ဆရာတော် ဦးဥတ္တမသာရ)
(ချမ်းမြေ့စွာဘ၀နေနည်း စာ-၁၀၀

Aye Chan Mon# Credit To :နှလုံးသားအာဟာရ
https://www.facebook.com/excellencemedia

Post a Comment

 
Top