0

ဂျပန်၊ အိန္ဒိယ၊ စင်္ကာပူနဲ့ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေး၊ ဆေးပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းဆိုင်ရာ ပြပွဲကို မြန်မာနိုင်ငံမှာ ၃ရက်ကြာပြသနေပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ မြန်မာပြည်က လူနာတွေ ဆေးဆိုင်တွေမှာ ကိုယ့်သဘောနဲ့ကိုယ် ဝယ်ယူနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဆရာဝန်ညွှန်ကြားမှ သောက်ရမယ့်ဆေးတွေကို လူနာတွေက ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနေတာဟာ အန္တရာယ်သိပ်ကိုကြီးမားတာကြောင့် ဆရာဝန်နဲ့အရင်တိုင်ပင်ကြပါလို့ Universal ဆေးကုမ္ပဏီက ဆိုပါတယ်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးချုပ် UMFCCI မှာ မေလ ၂၁ရက်နေ့ကနေ ၂၃ရက်နေ့အထိ နိုင်ငံ ၁၂နိုင်ငံက ဆိုင်ခန်းပေါင်း ၃ဝ က ဆေးနဲ့ ဆေးပစ္စည်းဆိုင်ရာတွေကို ပြသနေပါတယ်။

ဆေးကုမ္ပဏီတွေက ကောင်းတယ်ပြောတိုင်း မယုံရသလို တစ်ချို့ဆေးတွေဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတေါနဲ့ သင့်တော်တယ် မတော်ဘူးဆိုတာရှိကြောင့် FDA ရဲ့ အသိအမှတ်ပြုထားတဲ့ ဆေးကုမ္ပဏီကဆေးဝါးတွေကို သုံးစွဲမှ အကျိုးရှိမယ့် ပြပွဲကိုလာကြည့်တဲ့ ဒေါက်တာမြမိုးသွယ်က ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ဆေး၊ ဆေးပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းဆိုင်ရာပြပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာလည်းဖြစ်ပါတယ်။

ACM Credit To: kamayutmedia
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top