0

Published on: April 30, 2014
Written by: ဟိန်းမင်းထက်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတူးဖော်မည့် ကြေးနီသတ္တုတိုက်၏ အလယ်ဗဟိုချက်၏ တည့်တည့်အောက်တွင် ကျရောက်လျက်ရှိသည့် လယ်တီဆရာတော်ကြီး၏ စေတီတော်နှင့် သိမ်ကျောင်းတို့ ရွှေ့ပြောင်းခြင်းဆိုင်ရာ လုပ်ငန်းများအား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ပြောကြားသည်။

“ဒေသခံတွေပြောနေတဲ့ ညပိုင်းမှာ လူမသိသူမသိ ဖျက်နေတယ်ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။ နေ့ခင်းဘက်မှာပဲ ဖျက်နေတာပါ။ နိုင်ငံတော်သြ၀ါဒစရိယ ဆရာတော်ကြီးတွေရဲ့ မိန့်မှာချက် သြ၀ါဒါတွေအတိုင်း တစ်သဝေမတိမ်း လိုက်နာပြီးတော့ ဆောင်ရွက်နေပါတယ်။ ဘယ်နေ့ကစပြီး လုပ်ငန်းလုပ်တယ်ဆိုတာတော့ အလုပ်တွေများတော့ ရက်အတိအကျတော့ မမှတ်မိတော့ပါဘူး။ လုပ်ငန်းကတော့ စအကောင်အထည်ဖော်နေပါပြီ။ ဘယ်နေ့မှာ ပြီးစီးမယ်ဆိုတာတော့ အတိအကျပြောပြလို့ မရသေးဘူး”ဟု တိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ဆိုသည်။

“တကယ်တော့ နိုင်ငံတော်အနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို အမြတ်တနိုး တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ လယ်တီဆရာတော်ကြီးဆိုတာက အခုခေတ်ဆရာတော်တွေထက် သိက္ခာသမာဓိ အများကြီးရှိတယ်။ အဲဒီလို သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးကိုယ်တိုင် သမုတ်ခဲ့တဲ့သိမ်ကိုတော့ မီမယ်မထင်ပါဘူး”ဟု လက်ပံတောင်းတောင် ဒေသခံဆရာတော်တစ်ပါးက မိန့်ကြားသည်။

လယ်တီဆရာတော်ဘုရားကြီး သိမ်နှင့် စေတီပြောင်းရွှေ့ခြင်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လက်ပံတောင်းကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် ပါရှိသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်း တစ်စုံတစ်ရာမျှ မရှိကြောင်း လက်ပန်းတောင်းတောင် ဒေသခံတောင်သူများက ဆိုသည်။

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top