0

Location: ရီယိုဒီဂျနေးရိုး

ဘရာဇီးနိုင်ငံရှိ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ သည် ဆော်ပေါ်လိုနှင့် ရီယိုဒီဂျနေးရိုးမြို့များတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ လက်ခံကျင်းပခြင်း ကြောင့် ကုန်ကျစရိတ်များခြင်းအ ပေါ် ချီတက်ဆန္ဒပြသူ ထောင် ပေါင်းများစွာကို လူစုခွဲရန် မျက် ရည်ယိုဗုံးများ ပစ်ခတ်အသုံးပြုခဲ့ သည်။

ဆန္ဒပြသူအချို့သည် ကား တာယာများ မီးရှို့ခြင်း၊ လမ်းပိတ်ဆို့ခြင်းများ ပြုလုပ်စဉ် ကျန်လူများသည် ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဒေါ်လာဘီလီယံပေါင်းများ စွာကို လူမှုစီမံကိန်းများ၊ အိမ်ရာ စီမံကိန်းများတွင် အသုံးမပြုဘဲ လာမည့်ကမ္ဘာ့ဖလားဘောလုံးပွဲ တွင် အသုံးပြုနေခြင်းကို ဒေါသ ထွက်သည်ဟု ဆန္ဒပြသူများက ပြောကြားသည်။

ဆန္ဒပြမှုများသည် မြို့တော် ဘရာစီးလီးယား အပါအဝင် များ စွာသော မြို့ကြီးများတွင် ဖြစ်ပွား ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် အစိုးရဝန်ထမ်းများလည်း ပါဝင်ဆန္ဒပြခဲ့ ကြသည်။

ဆော်ပေါ်လိုနှင့် ရီယိုဒီဂျနေး ရိုးမြို့များမှ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့နှင့်လည်း ရင်ဆိုင်တိုက် ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ဆန္ဒပြသူဦးရေ မှာ ယခင်နှစ်ကထက် နည်းနေ သေးသော်လည်း ဆန္ဒပြပွဲများမှာ ပိုကြီး၍ မကြာခဏဖြစ်လာလိမ့် မည်ဟု ဆန္ဒပြသူများက ပြော ကြားသည်။

ပြီးခဲ့သည့်နှစ် ဇွန်လဆန္ဒပြ ပွဲတွင် လူတစ်သန်းကျော် လမ်း ပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံး ပွဲကို လာမည့်ဇွန်လ ၁၂ ရက်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပရန် စီစဉ် ထားသည်။ မေလ ၁၅ ရက် ဆန္ဒပြ မှုများအတွင်း လူ ၂၃၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု ပြည်တွင်းမီဒီ ယာများက ဖော်ပြခဲ့သည်။

ရက်စီဖီမြို့၌ ကမ္ဘာ့ဖလား ကျင်းပနေစဉ် ချီတက်ဆန္ဒပြပွဲငါးခုပြုလုပ်ရန် စီစဉ်ထားသည်။

—Ref: BBC

မေလ ၁၅ ရက်က ရီယိုဒီဂျနေးရိုးမြို့တွင် ၂၀၁၄ ကမ္ဘာ့ဖလားဆန့်ကျင်ကန့်ကွက်ဆန္ဒပြသူများကို တွေ့ရစဉ် (Ricardo Moraes/REUTERS)

Aye Chan Mon# Credit To :http://7daydaily.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top