0

ACM Re-Post 28-5-2014

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရသဖြင့် လူမှုရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် စိတ်ဓာတ်ခွန်အားတစ်ခုရရှိသွား သည်ဟု ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်သန်းမြင့်အောင်က ပြောသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ပြည်ပရောက် မြန်မာနိုင်ငံ
သားများ စုစည်းထားသည့် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှအပ်နှင်းချီးမြှင့်သည့် ''ပြည်သူ့ ဂုဏ်ရည်'' (Citizen of Burma Award) ဆုကို ယခုနှစ်အတွက် သူမက ရရှိသွားခြင်းဖြစ်သည်။ ''ဒီဆုရတဲ့အတွက် အလုပ်လုပ်ရတာ အားတက်တာပေါ့။ နောက်ပြီး ဒီမှာကျန်နေတဲ့ တခြားပရဟိတအဖွဲ့အစည်းတွေကိုလည်း ရစေချင်ပါတယ်'' ဟု ဆုရှင် ဒေါ်သန်းမြင့်အောင်က ပြောသည်။

ယခုနှစ်ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင်စာရင်းတွင် သူမအပြင် မခင်နှင်းကြည်သာ၊ ကိုနေဘုန်းလတ်၏ ပန်းစကားအဖွဲ့နှင့် One More
အဖွဲ့တို့ ပါဝင်ခဲ့ပြီးအပြီး သတ်ရွေးချယ်မှုအတွက်အဖြေကို ယခုလ ၂၄ ရက်တွင် သိရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ''ဒီဆုကတော့ ပရဟိတလုပ်ငန်းလုပ်ကိုင်တဲ့သူတွေကိုပေးတာ။ ဘယ် ခေါင်းစဉ်နဲ့ အရွေးခံရတာလဲတော့ မသိပါဘူး'' ဟု ၎င်းက ဆိုသည်။

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရသော သူမအနေဖြင့် ဆုတံဆိပ်အပြင် ကန်ဒေါ်လာတစ်သောင်းလည်း ဆုကြေးငွေရရှိမည်ဟု သူမထံမှသိရသည်။ ဆန်ခါတင်စာရင်းတွင် ပါဝင်သည့် One More အဖွဲ့၊ ပန်းစကားအဖွဲ့ တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်ထူထောင်သူ မခင်နှင်းကြည်သာတို့လည်း အထူးဆုများချီးမြှင့်ခံရပြီး အထူးဆုရှင်များ
အနေဖြင့် ဆုတံဆိပ်နှင့် ဒေါ်လာတစ်ထောင်စီ ချီးမြှင့်ခံရမည်ဖြစ်သည်။

၎င်းတို့ကို ဇွန်လ ၁ ရက်နေ့တွင် တော်ဝင်နှင်းဆီ၌ ဆုချီးမြှင့်မည် ဖြစ်သည်။
ပြည်သူ့ဂုဏ်ရည်ဆုကို ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁ဝ တွင် ဦးကျော်သူ၊ ၂ဝ၁၁ တွင် ဒေါ်ရှု၊ ၂ဝ၁၂ တွင် နဖိုင့်နော်မိန်း၊ ၂ဝ၁၃ အင်န်အယ်လ်ဒီ ပညာရေးကွန်ရက်တို့ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်နိုင်ငံ၊ အင်္ဂလန်၊ ဂျပန်၊ စင်ကာပူနှင့် ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသော
ဌာန ၁၇ ခု ပါဝင်သော အဖွဲ့အစည်းတစ်ခုမှ ချီးမြှင့်ခြင်း ဖြစ်သည်။

ခိုင်နွယ်ဦး

Aye Chan Mon Credit To: Popular Myanmar News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top