နေပြည်တော်၊ မေ ၁၁
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနက မြို့နယ်အလိုက် စာတိုက်များတွင် ကုန်ပစ္စည်း အမြန်ချောပို့ ဝန်ဆောင်မှုစနစ်ကို လာမည့် ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ရန် စီစဉ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးသောင်းတင်က ပြောကြားသည်။
ယင်းဝန်ဆောင်မှု စတင်ရန် စီစဉ်ထားသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း နည်းပညာနှင့် အခြေခံ လိုအပ်ချက်များ အားနည်း နေသေးသည့်အတွက် လာမည့်နှစ်မှသာ စတင်နိုင်ခြင်း ဖြစ်ပြီး အွန်လိုင်း ကုန်သွယ်မှု စနစ်ကိုပါ ပူးတွဲ ဆောင်ရွက်ရန် လျာထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အစိုးရက စာတိုက်ကြီးများတွင် စာပို့၊ ကြေးနန်းရိုက် တို့ကိုသာ အဓိက ဝန်ဆောင်မှု ပေးနေပြီး နိုင်ငံတကာနည်းတူ ပို့စကတ်နှင့် အမြန်ချောပို့စနစ်ကို ယခုနှစ်ပိုင်းတွင်မှ အဆင့်မြှင့်တင် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပုဂ္ဂလိကလုပ်လည်း မဟန်ပါဘူး။ ပစ္စည်းရောက်ပြီလို့ စာပို့တယ်။ သင်္ဘောက ပစ္စည်းမရောက်လို့တဲ့ ဆိုတာတွေ ရှိသေးတယ်။ ဆယ်သွယ်ရေးက လုပ်မယ်ဆိုလည်း ဝန်ထမ်းမနိုင်လို့ ဒီလိုပဲ ဖြစ်မှာပဲ” ဟု အမြန်ချောပို့ ဝန်ဆောင်မှု မကြာခဏ သုံးစွဲဖြစ်သူ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးက ပြောကြားသည်။
ယင်းအတူ ဆယ်သွယ်ရေး ဝန်ကြီးဌာန အဆင့်မြှင့်တင်ရေး စီမံကိန်းအဖြစ် ဆင်းမ်ကတ်များ ပျောက်ခြင်း၊ ဆင်းမ်ကတ်များ ပျက်ခြင်းတို့ အတွက်လည်း အေးဂျင့်သဖွယ် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံ၏ စာပို့စနစ်ကို ဂျပန်အစိုးရ အကူအညီဖြင့် သုတေသန စစ်တမ်းကောက်ယူနေပြီ ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။
Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment